karbinar.jpg

ခါဘီနာမာဂိုမီဒေါ့ဗ်အစား ဂျက်စတင်ဂါသီက တိုနီဖာဂူဆန်နဲ့ ယှဉ်ပြိုင်မယ်

UFC 249 ပြိုင်ပွဲရဲ့ အဓိကတွဲဆိုင်းမှာ ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်အစား ဂျက်စတင်ဂါသီကို အစားထိုးပြီး တိုနီဖာဂူဆန်နဲ့ ယှဉ်ပြိုင်စေမယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။ အမေရိကန်သိုင်းပေါင်းစုံ ကစားသမား တိုနီဖာဂူဆန်ဟာ ဧပြီလ ၁၈…

carnalo.jpg

စိတ်မကျေပွဲ ထိုးခွင့်ရရင် မေဝယ်သာကို အနိုင်ယူပြမယ်လို့ ကာနယ်လိုအယ်ဗာရက်ဇ် ပြော

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ စိတ်မကျေပွဲ ထိုးသတ်ခွင့်ရရင် ရှုံးကြွေးပြန်ဆပ်နိုင်မယ်လို့ ယုံကြည်ကြောင်း မက္ကဆီကိုလက်ဝှေ့သမား ကာနယ်လိုအယ်ဗာရက်ဇ်က ပြောပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့ ကာနယ်လိုအယ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲနှစ် နိုဝင်ဘာလက လက်စ်ဗီးဂတ်စ်မြို့မှာ ရုရှားလက်ဝှေ့သမား ဆာဂိုင်ကိုဗာလက်ဗ်ကို အနိုင်ယူပြီး…

premier.jpg

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှုတွေကို ထုတ်ပြန်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားခေါ်ယူမှုတွေကို ESPN က ထုတ်ပြန်ခဲ့ပါတယ်။ EPSN ဟာ ကစားသမားရဲ့စွမ်းဆောင်မှု၊ ဆုဖလားအောင်မြင်မှု၊ ပြောင်းရွှေ့ကြေး အပါအဝင် အချက်အလက်တော်တော်များများအပေါ် အခြေခံတွက်ချက်ပြီး အခုလို အဆင့်သတ်မှတ်ခဲ့တာပါ။ ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲကျင်းပခဲ့ပြီးနောက်ပိုင်း…

mawyinho.jpg

ခပ်ခွာခွာ နေခိုင်းတဲ့ အစိုးရရဲ့စည်းမျဉ်းကို နည်းပြမော်ရင်ဟိုနဲ့ စပါးအသင်းသားတွေ ချိုးဖောက်

စပါးအသင်းနည်းပြ မော်ရင်ဟိုနဲ့ အသင်းသားတချို့က တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေခိုင်းတဲ့ ဗြိတိန်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်ခဲ့ဖွယ်ရှိပါတယ်။ မော်ရင်ဟိုနဲ့ အသင်းသားတွေ လေ့ကျင့်ခန်းလုပ်နေတဲ့ ရုပ်သံမှတ်တမ်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ဖွယ်ရှိလို့ စပါးအသင်းက…

itisofficial.jpg

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းနိုင်တယ်လို့ ဆို

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ကို အတုယူပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပစ်နိုင်တယ်လို့ အူဒီးနီးစ်အသင်း အားကစားဒါရိုက်တာ မာရီနိုက ပြောပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)ပွဲ ကစားပြီးချိန်မှာ လီဗာပူးအသင်းက လက်ရှိချန်ပီယံမန်စီးတီးကို (၂၅)မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။ ဒါပေမဲ့…

1-4-2020-yyl-031.jpg

အေစီမီလန်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ မိုဗစ်

အေစီမီလန်အသင်း ထိပ်တန်းအရာရှိနေရာ အပြောင်းအလဲဖြစ်ခဲ့လို့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အေစီမီလန်ကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အေစီမီလန်အသင်းက ဘောလုံးဆိုင်ရာ အရာရှိချုပ် ဇိုနီမာဘိုဘန်ကို ထုတ်ပယ်လိုက်တဲ့အတွက် မိုဗစ်က မကျေမနပ်ဖြစ်နေပါတယ်။ မိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အသွားအလာတွေ ပိတ်ဆို့ထားလို့…

1-4-2020-yyl-030.jpg

မန်ယူကနေ ထွက်ခွာရင် ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်ကိုပဲ ပေါ့ဘာ ရွေးချယ်မှာပါလို့ ပြင်သစ်အသင်းဖော်ဟောင်း ဆို

ဒီရာသီအကုန်မှာ မန်ယူကနေ ပေါ့ဘာထွက်ခွာဖြစ်ရင် ရီးရဲလ်ကို ပြောင်းရွှေ့မှာမဟုတ်ဘဲ ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ရှိတယ်လို့ ပြင်သစ်အသင်းဖော်ဟောင်း ဆက်ညာက ပြောပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဆက်ဂညာဟာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်ကြားကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးပါတယ်။…

1-4-2020-yyl-029.jpg

ဓားပြတွေက အက်ရှ်လေကိုးလ်ကို ထိုင်ခုံမှာကြိုးတုပ်ပြီး ခြိမ်းခြောက်ခဲ့

မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြတွေက ချဲလ်ဆီးနဲ့ အာဆင်နယ်ကစားသမားဟောင်း အက်ရှ်လေကိုးလ်ရဲ့ စံအိမ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဓားပြတွေဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်က ဆာရေးစီရင်စုမှာရှိတဲ့…

1-4-2020-yyl-028.jpg

နှုတ်ဆက်ပွဲမှာ ကိုဘေးဘရိုင်ယန် ခြုံခဲ့တဲ့ပဝါ ကန်ဒေါ်လာ ၃၃,၀၀၀ ကျော်နဲ့ လေလံအောင်မြင်

နောက်ဆုံးကစားခဲ့တဲ့ NBA ပွဲစဉ်အပြီး နှုတ်ဆက်စကားပြောကြားချိန်မှာ ကိုဘေးဘရိုင်ယန် ပခုံးပေါ်ခြုံထားတဲ့ ပဝါဟာ အွန်လိုင်းပေါ်က လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ Laker အသင်းကြယ်ပွင့် ကိုဘေးဘရိုင်ယန်ဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ Staples Center ကွင်းက…

1-4-2020-yyl-027.jpg

ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလျံရတဲ့ တတိယမြောက် အားကစားဖြစ်လာဖို့ ရော်နယ်ဒို နီးစပ်နေ

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီမှာ ကစားသမားဘဝတစ်လျှောက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံရတဲ့ တတိယမြောက် အားကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်အသင်း ဝန်ထမ်းတွေ လုပ်ခလစာ အပြည့်အဝရရှိစေဖို့အတွက် ဂျူဗင်တပ်အသင်းကစားသမားတွေနဲ့ နည်းပြဆာရီက ၄…