28-7-2022-yyl12.jpg

ဗီတာမင် B12 ချို့တဲ့မှု

ဗီတာမင် B12 က အာရုံကြောဆဲလ်တွေနဲ့ သွေးဆဲလ်တွေ ကျန်းမာနေစေဖို့ ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် B12 ကို သူ့ဘာသာသူ မထုတ်လုပ်နိုင်တာကြောင့် အဲဒီဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါတယ်။ ဗီတာမင် B12 ကို…

28-4-2022-yyl-05.jpg

အသက် ၃၀ မှာ အသားရေကောင်းမွန်ဖို့ လိုက်နာသင့်တဲ့ အခြေခံအချက်တွေ

အသက်အရွယ်က ကိန်းဂဏန်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့အသားရေကို ဂရုစိုက်ထိန်းသိမ်းမှုမရှိရင်တော့ အဲဒီစကားနဲ့ ကိုက်ညီမှာမဟုတ်ပါဘူး။ အသက် ၃၀ အရွယ်ရောက်လာတာနဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို ခံစားရလေ့ရှိပါတယ်။ ဆံပင်ဖြူလာတာ၊ အစာခြေစနစ်ပြဿနာ၊ ပင်ပန်းနွမ်းလျတာကို ခံနိုင်ရည်မရှိတာအပြင် အရေပြားက အာဟာရတွေဆုံးရှုံးလာပြီး ပြောင်းလဲလာပါတယ်။…

20-4-2022-yyl-22.jpg

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ ကုသနည်း

အမျိုးသမီးတွေဟာ ဟော်မုန်းမညီမျှတာ၊ ကိုယ်ဝန်ဆောင်တာ၊ ရာသီစက်ဝန်းစတာတွေကြောင့် အရေပြားပြဿနာတော်တော်များများကို ကြုံတွေ့ရတတ်ပါတယ်။ သူတို့ ကြုံတွေ့ရတဲ့ အချို့သော အရေပြားပြဿနာတွေကအရမ်းအဖြစ်များတဲ့အတွက် ချက်ခြင်း ဂရုစိုက်ပေးဖို့နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေက အမျိုးသမီးတွေ ကြုံတွေ့ရတဲ အဖြစ်များဆုံးအရေပြားပြဿနာတချို့ဖြစ်ပါတယ်။…

1-4-2022-yyl-07.jpg

နူးညံ့ချောမွေ့တဲ့အသားရေကို ပိုင်ဆိုင်စေမယ့် နေ့စဉ်အလေ့အထ (၅) ခု

အရင်လို အသားရေတွေ နူးညံ့ချောမွေ့တော့လို့ စိတ်ညစ်နေပြီလား။ ကလေးတစ်ယာက်ရဲ့အသားရေမျိုး လိုချင်ရင်တော့ သင့်ရဲ့တစ်နေ့တာဘဝမှာ ပြောင်းလဲမှု အနည်းငယ်လုပ်ဖို့ လိုနေပါပြီ။ သင့်ရဲ့တစ်နေ့တာအလေ့အထတွေက သင့်အသက်အရွယ်နဲ့ အသားရေအပေါ် သက်ရောက်မှုများစွာရှိပါတယ်။ ဒါကြောင့် နူးညံ့ချောမွေ့တဲ့အသားရေကို ရဖို့အတွက် မွေးမြူထားသင့်တဲ့ နေ့စဉ်အလေ့အထ (၅)…

12-3-2020-yyl-004.jpg

ပူအိုက်လှတဲ့ရာသီမှာ အသားရေ ကြည်လင်စိုပြေချင်သူတွေအတွက်

ပူပြင်းလှတဲ့ နွေရာသီမှာလည်း အသားရေထိန်းသိမ်းမှုတွေ လုပ်ကြရပါတယ်။ ဒီလိုအချိန်အမျိုးမှာ အရေပြားကျန်းမာရေးအတွက် အထူးဂရုစိုက်ပေးသင့်ပါတယ်။ လေထုညစ်ညမ်းမှုကစလို့ နေရောင်ခြည်အပူချိန်အထိ ကျွန်မတို့ရဲ့အသားရေတွေက ကြည်လင်စိုပြေမှုမရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေတတ်ပါတယ်။ ဆောင်းရာသီမှာ အသားရေထိန်းသိမ်းသလိုပဲ နွေရာသီမှာလည်း လုပ်ပေးသင့်ပါတယ်။ နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် နေဖို့နဲ့…

9-3-2022-yyl10.jpg

တစ်နေ့ ဘယ်နှစ်ကြိမ်လောက် မျက်နှာသန့်စင်ပေးဖို့လိုမလဲ

ဘယ်နှစ်ကြိမ် မျက်နှာသန့်စင်ဖို့လိုလဲလို့မေးရင် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အဖြေက သူတို့ရဲ့အသားရေအမျိုးအစားနဲ့ မိတ်ကပ်လိမ်းတဲ့အလေ့အထပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မဘ်။ သင့်အသားရေကို သန့်စင်တဲ့အခါ တစ်သတ်မတ်တည်းထားပြီး လုပ်ဆောင်ရတဲ့နည်းတစ်မျိုးတည်းမရှိပါဘူး။ သင့်အသက်အရွယ်၊ ရာသီဉတုစတဲ့ အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး သင့်အသားရေကို ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသန့်စင်တာက လုံလောက်တယ်လို့…

28-2-2022-yyl4.jpg

အသားရေအမျိုးအစားအပေါ်မူတည်ပြီးအသုံးပြုပေးသင့်တဲ့မျက်နှာလိမ်းအဆီ

လူတော်တော်များများက မျက်နှာမှာ အဆီလိမ်းရတာကို မကြိုက်ကြတာများပါတယ်။ မျက်နှာပေါ်က အဆီတွေက ဝက်ခြံပေါက်တာနဲ့ အခြားအသားရေပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ယူဆထားတဲ့အတွက်ကြောင့်ပါ။ သင်ဟာ အသားရေခြောက်သွေ့တတ်တဲ့သူဆိုရင် အစိုဓာတ်ထိန်းပေးတဲ့ထုတ်ကုန်တွေက ဆောင်းရာသီမှာတောင် မကူအညီမဖြစ်စေနိုင်ပါဘူး။ ဒီထုတ်ကုန်တွေက သင့်အသားရေရဲ့အပေါ်ယံအလွှာကိုသာ အစိုဓာတ်နဲ့ ရေဓာတ်ထိန်းပေးတဲ့အတွက် အစိုဓာတ်တွေ…

17-2-2022-yyl17.jpg

ဆံပင်ကျွတ်ရခြင်းရဲ့အဓိကအကြောင်းအရင်း (၅) ခု

ဆံပင်ကျွတ်လို့ ဆံသားတွေ ပါးနေပြီလား။ သင်က ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးနေပေမဲ့ ဆံပင်တွေ ကျွတ်နေတုန်းဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ ကျွန်မတို့တွေက ဆံပင်ကျွတ်တာအတွက် ဆေးဘက်ဆိုင်ရာအကူအညီကို မရှာဖွေကြပေမဲ့ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုတော့ တွေးဖြစ်ကြပါတယ်။ Blossom Kochhar Group…

19-2-2022-yyl5.jpg

အသား​အရေအတွက် အပင်အခြေခံအစားအစာတွေရဲ့ အကျိုးကျေးဇူးတွေ

အလှအပနဲ့ပတ်သက်လာရင် လူတိုင်းနီးပါးက အပြစ်အနာအဆာကင်းတဲ့အသား​ရေနဲ့ တောက်ပြောင်တဲ့ ဆံကေသာကို လိုချင်ကြပါတယ်။ ငယ်ရွယ်နုပျိုတဲ့အသားအရေ၊ ဝက်ခြံအမာရွတ်ကင်းတဲ့အသားရေ၊ ပျော့ပျောင်းတောက်ပြောင်တဲ့ဆံသားတွေက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပေမဲ့ အမျိုးသမီးအနည်းငယ်ကသာ ဒီအိပ်မက်ကို လက်တွေ့လုပ်ဆောင်ဖြစ်ကြတာပါ။ အသားရေကောင်းဖို့နဲ့ ဆံသားလှပဖို့ နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊…

30.12.2021yyl3.jpg

ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေ

ဆံသားနဲ့ပတ်သက်လာရင် အိန္ဒိယအမျိုးသမီးတွေက လှပပြီးမဲနက်တောက်ပြောင်ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားကြပါတယ်။ အိန္ဒိယမှာ မျိုးရိုးအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ အလှအပလျှို့ဝှက်ချက်တွေရှိကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တစ်ခုကြောင့်ပဲ အခုလိုဆံသားမျိုးကို ပိုင်ဆိုင်နေကြရတာပါ။ အဲဒီလျှို့ဝှက်ချက်က အိပ်ရာမဝင်ခင် ညတိုင်း ကျစ်ဆံမြီးကျစ်ကြတာပါ။ အိန္ဒိယယဉ်ကျေးမှုမှာ အမျိုးသမီးတွေက ဆံပင်ဖြန့်ထားပြီး အိပ်စက်တဲ့အခါ…