ဂျပန်ကုမ္ပဏီတစ်ခုက အပြင်သွားရင် အိမ်မွေးတိရစ္ဆာန်ကို ခေါ်ဆောင်ရလွယ်ကူစေမယ့် လျှပ်စစ်စက်ဘီးကို တီထွင်

22-11-2021yyl5.png

တိရစ္ဆာန်ချစ်သူတွေက လမ်းလျှောက်သွားတဲ့အခါ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သွားလေ့ရှိကြပါတယ်။ ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ ပန်းခြံမှာ လမ်းလျှောက်ချင်ပေမဲ့ ပန်းခြံကို သူတို့အိမ်နဲ့ အနီးငယ်ဝေးနေတဲ့အခါမျိုးမှာ အခက်အခဲဖြစ်လာကြပါတယ်။ ကားနဲ့ ခေါ်သွားဖို့ကြတော့ ယာဉ်ကြောပိတ်ဆို့မှုတွေရှိတဲ့အတွက် စက်ဘီးတွေကို အများဆုံးအသုံးပြုကြပါတယ်။ စက်ဘီးနဲ့ကျတော့လည်း အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သွားဖို့ အခက်အခဲဖြစ်ကြပြန်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တိရစ္ဆာန်ချစ်သူတွေအတွက် ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုဟာ mopet လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးကို တီထွင်ထားပါတယ်။

Makuake ဆိုတဲ့ ဂျပန်ကုမ္ပဏီက တိရစ္ဆာန်ချစ်သူတွေ သူတို့နဲ့အတူ အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်ဆောင်ရလွယ်ကူစေဖို့ လျှပ်စစ်စက်ဘီးကို တီထွင်ခဲ့တာပါ။ ဝေးတဲ့နေရာတွေဆီ ကြောင်လေးတွေ၊ ခွေးလေးတွေကို ခေါ်ဆောင်သွားနိုင်မယ့် ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Mopet ဆိုတဲ့ လျှပ်စစ်စက်ဘီးနဲ့အတူ တိရစ္ဆာန်ချစ်သူတွေက ဝေးတဲ့နေရာမှာ ရှိတဲ့ ပန်းခြံတွေဆီ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို အခက်အခဲမရှိ ခေါ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

Mopet လျှပ်စစ်စက်ဘီးက တစ်ယောက်စီးဖြစ်ပေမဲ့ ဒီဇိုင်းက ဆန်းပြီး တိရစ္ဆာန်လေးတွေကို ဘေးကင်းစွာနဲ့ ခေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလျှပ်စစ်စက်ဘီးက ကမ္ဘာ့ဈေးကွက်ထဲ ရောက်တဲ့အခါ တိရစ္ဆာန်ချစ်သူတွေကြား ပေါ်ပြူလာဖြစ်လာတော့မှာဖြစ်ပါတယ်။ အခုတော့ Mopet လျှပ်စစ်စက်ဘီးကို ဂျပန်နိုင်ငံမှာပဲ ရနိုင်ဉီးမှာဖြစ်ပါတယ်။

Ref: Boredpanda “The Japanese Have Invented A Pet-Friendly E-Bike Called A Mopet, And It’s Going To Make Their Transportation Much Easier”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top