7-1-2021-yyl05.jpg

ဒေါ်နယ်ထရမ့်ကို အားပေးတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်ကို ဝင်ရောက်စီးနင်း၊ တစ်ဦး သေဆုံး

ဒေါ်နယ်ထရမ့်ကို အားပေးတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို အတည်ပြုဖို့ လွှတ်တော်အဆောက်အအုံမှာ အထူးအစည်းအဝေး ကျင်းပနေတုန်း ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့တာပါ။…

24-9-2020-yyl-018.jpg

ရွေးကောက်ပွဲရှုံးနိမ့်ရင် ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုလုပ်ဖို့ ဒေါ်နယ်ထရမ့် ကတိမ‌ပေး

နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုလုပ်ဖို့ ကတိပြုသလားဆိုတဲ့ မေးခွန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၄၁ ရက်လိုချိန်မှာ သဘောထားအမြင် ကောက်ခံမှုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့နောက်မှာ ရှိနေပါတယ်။…

intldd.jpg

WHO နဲ့မပတ်သက်ချင်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရေး နိုင်ငံတကာ ပူးပေါင်းကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံ မပါဝင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ပါဝင်ပတ်သက်နေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖော်စပ်၊ ဖြန့်ဖြူးရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံ ပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစွမ်းအာနိသင်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖော်စပ်နိုင်ရေး၊…

intlw01.jpg

ဂျိုးဘိုင်ဒင်ကို ဒေါ်နယ်ထရမ့် စိန်ခေါ်

လာမယ့်လမှာ ကျင်းပမယ့် သူတို့ရဲ့ ပထမဆုံး စကားရည်လုပွဲမတိုင်ခင် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးမှု ခံယူရဲလားလို့ ဒေါ်နယ်ထရမ့်က စိန်ခေါ်လိုက်ပါတယ်။ ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ စကားရည်လုပွဲတွေမှာ…

14-8-2020-yyl-024.jpg

ဒေါ်နယ်ထရမ့်ရဲ့ စေ့စပ်ညှိနှိုင်းမှုအရ အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သမိုင်းဝင် သဘောတူစာချုပ်ချုပ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့ သမိုင်းဝင် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အဲဒီစာချုပ်အရ သိမ်းပိုက်ခံအနောက်ကမ်းပါး တစ်စိတ်တစ်ဒေသမှာ သူတို့ရဲ့အချုပ်အခြာအာဏာ သက်ရောက်ရေး ကြိုးပမ်းမှုကို အစ္စရေးနိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ…

6-8-2002-yyl-0149.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာက ဖယ်ရှားပစ်ခဲ့

ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ YouTube တွေမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တင်ခဲ့တဲ့ ဗီဒီယိုပို့စ်တစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအမှားပါဝင်တဲ့အတွက် အဲဒီပို့စ်ကို ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာတွေက ဖယ်ရှားပစ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အဲဒီပို့စ်က ဗုဒ္ဓဟူးနေ့ မနက်ခင်းမှာ သမ္မတဒေါ်နယ်ထရမ့် Fox…

28-7-2020-yyl-006.jpg

ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်မှာ Covid-19 ရောဂါပိုး တွေ့ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိတဲ့ အိုဘရိုင်ယန်ဟာ သီးသန့်ခွဲခြားနေထိုင်ပြီး အိမ်ကနေ အလုပ်လုပ်နေသူပါ။ သူ့မှာ ရောဂါလက္ခဏာအနည်းငယ် ပြနေတယ်လို့ ဆိုပါတယ်။…

22-7-2020-yyl-007.jpg

အမေရိကန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေ ပိုဆိုးလာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့် သတိပေး

အမေရိကန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အကောင်းဘက်ကို မဦးတည်ခင် ပိုဆိုးရွားတဲ့ အခြေအနေ ကြုံရလိမ့်မယ်လို့ သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကပ်ရောဂါဘေးနဲ့ပတ်သက်ပြီး ပိုတည်ကြည်လေးနက်တဲ့ ပြောဆိုမှုလုပ်ခဲ့ပြီး အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းတပ်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အရင်တုန်းက…

intl2107202003.jpg

ဆန္ဒပြပွဲတွေဖြစ်ပွားနေလို့ မြို့ကြီးတွေကို ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးအရာရှိတွေ စေလွှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေကို ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး အရာရှိတွေ စေလွှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ချီကာဂိုနဲ့ နယူးယော့ခ်မြို့တွေအပါအဝင် လစ်ဘရယ်ဒီမိုကရက်တွေ ဦးဆောင်နေတဲ့ မြို့တော်တော်များများမှာ ခေါင်းဆောင်တွေက တစ်ခုခု ပြတ်ပြတ်သားသားလုပ်ဖို့ ကြောက်ရွံ့နေကြတယ်လို့ ဒေါ်နယ်ထရမ့်က…

11-7-2020-yyl-009.jpg

ဒေါ်နယ်ထရမ့်ရဲ့ တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်က စထွက်တဲ့နေ့မှာ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး သူ့ရဲ့တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်သစ်ဟာ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချခဲ့တဲ့ ပထမဆုံးနေ့မှာပဲ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရတယ်လို့ ထုတ်ဝေသူက ပြောပါတယ်။ ရလေလိုလေ အိုတစ္ဆေ၊ ကျွန်မတို့မိသားစုက ကမ္ဘာ့အန္တရာယ်အရှိဆုံးအမျိုးသားကို မွေးထုတ်မိခဲ့တဲ့အကြောင်း (Too Much and Never Enough:…