အရပ် ၇ ပေ၊ ၃ လက်မမြင့်တဲ့ ၁၃ နှစ်အရွယ် ဘတ်စကတ်ဘော ကစားသမား

2.10.2024-yyl-6.png

အရွယ်နဲ့မလိုက်အောင် အရပ်ရှည်လွန်းတဲ့ ၁၃ နှစ်သား ကနေဒါ ဘတ်စကတ်ဘော ကစားသမားလေးဟာ လူမှုကွန်ရက်မှာ ထင်ပေါ်ကျော်ကြားလျက်ရှိပါတယ်။ ဂျရမီဂိုဟီယာဟာ အသက် ၁၃ နှစ်ပဲ ရှိသေးပေမဲ့ အရပ် ၇ ပေ၊ ၃ လက်မရှည်ပြီး NBA ကစားသမားတွေထက်တောင် အရပ်ပိုမြင့်နေတာကြောင့် သက်တူရွယ်တူ ကစားသမားတွေထက် သိသိသာသာ အသာစီးရနေပြီး သူ့ကို တားဆီးနိုင်သူ မရှိပါဘူး။

ဂျရမီဂိုဟီယာဟာ ဂျော့ဗနီယာအထက်တန်းကျောင်းရဲ့ Sport-Études ပရိုဂရမ်မှာ ပါဝင်နေသူဖြစ်ပြီး အလားအလာကောင်းတဲ့ ဘတ်စကတ်ဘော ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဂိုဟီယာဟာ ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ နေထိုင်တဲ့ ဘတ်စကတ်ဘော ကြယ်ပွင့် အိုလီဗီယာရီယောက်နဲ့တောင် နှိုင်းယှဉ်ခံနေရပါတယ်။ အိုလီဗီယာရီယောက်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် မှတ်တမ်းဝင်သူဖြစ်ပြီး အရပ် ၇ ပေ၊ ၉ လက်မ မြင့်ပါတယ်။

ဒါပေမဲ့ ဂိုဟီယာအနေနဲ့ NBA ကစားသမားဖြစ်လာဖို့ ခရီးလမ်းကတော့ ရှည်လျားပြီး အဆင့်များစွာ ကျော်ဖြတ်ဖို့ ကျန်နေပါသေးတယ်။

Ref: 7’3″-Tall 13-Year-Old Basketball Phenom Becomes Internet Sensation
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top