ငွေဘယ်လောက်ရှိမှ အမေရိကန်မှာ လူချမ်းသာလို့သတ်မှတ်ခံရတာလဲ

money.jpg

လူချမ်းသာလို့သတ်မှတ်ဖို့ တိကျတဲ့ငွေကြေးပမာဏက အသက်အရွယ်ပေါ် မှာမူတည်နေပါတယ်။ အသားတင်ပိုင်ဆိုင်ခွင့် ဒေါ်လာ (၁) သန်းရှိတာနဲ့ လူချမ်းသာပါလို့ ဆိုလိုတာမဟုတ်ပါဘူး။ လူချမ်းသာတစ်ယောက်အဖြစ်သတ်မှတ်ခံရဖို့အတွက် လူတွေပြောတဲ့ပမာဏက ပျမ်းမျှအားဖြင့် အသားတင် ပိုင်ဆိုင်ခွင့် ဒေါ်လာ (၂.၃) သန်းပါ။ ဒါပေမဲ့လည်း အသက်ပိုကြီးလာလေလေ သတ်မှတ်နှုန်းကပိုမြင့်လာလေလေပါ။ အသက်ပိုင်းခြားအလိုက် လူချမ်းသာလို့ သတ်မှတ်မှုက ကွာဟပါတယ်။

အသက် (၅၅) နှစ်ကနေ (၇၃) နှစ်ကြားလူတွေဟာ လူချမ်းသာတစ်ယောက်အနေနဲ့ သတ်မှတ်ခံရဖို့ဆိုရင် ပျမ်းမျှအားဖြင့် အသားတင် ဒေါ်လာ (၂.၆) သန်းထိ ရှိဖို့ လိုအပ်ပါတယ်။ အသက် (၉) နှစ်ကနေ (၂၂) နှစ်ကြား ဒါမှမဟုတ် (၁၈) နှစ် ကနေ (၂၂) နှစ်အထိ လူတွေကတော့ လူချမ်းသာတစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့ဆိုရင် ပျမ်းမျှအားဖြင့် ဒေါ်လာ (၁.၁) သန်း လိုအပ်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ချမ်းသာတာနဲ့ ပတ်သက်ပြီးခံယူပုံချင်းက မတူညီကြပါဘူး။

အချို့သန်းကြွယ်သူဌေးတွေက ချမ်းသာတယ်ဆိုတာ မတည်မြဲတဲ့ငွေထက်စာရင် သူတို့ရဲ့ ဘဝရှင်သန်မှုဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အမေရိကန်မှာနေထိုင်သူ (၁၀၀) ရာခိုင်နှုန်းမှာ (၆၀) ရာခိုင်နှုန်းဟာ (၁) နှစ်ကနေ (၁၀) နှစ်အတွင်း ချမ်းသာအောင်အစီအစဉ်ဆွဲထားကြတာကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိကြဘူးလို့ ဖော်ပြထားပါတယ်။ တချို့လူတွေက ချမ်းသာမှုကို ငွေကြေးနဲ့တိုင်းတာတတ်ပါတယ်။

ဒါပေမယ့်လည်း တချို့လူတွေကြပြန်တော့လည်း ချမ်းသာမှုကို ငွေကြေးနဲ့ မဟုတ်ဘဲ ဘဝရှင်သန်ပုံနဲ့တိုင်းတာကြပါတယ်။ ပထမအချက်တွေလိုပဲ ချမ်းသာမှုကို အသက်အရွယ်ဘယ်လောက်မှာ ငွေကြေးဘယ်လောက်ရှိမှ ချမ်းသာတယ်လို့တိုင်းတာကြမှာလား။ ဒါမှမဟုတ် ချမ်းသာမှုကို တည်မြဲခြင်းမရှိတဲ့ငွေနဲ့ မဟုတ်ဘဲ အသက်ရှင်ပုံစံနဲ့ တိုင်းတာကြမလား။ လူချမ်းသာဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ စိတ်ရောကိုယ်ရော ချမ်းသာဖို့သာဖြစ်ပါတယ်။

Ref: Bloomberg “How Much Money Do You Need to Be Wealthy in America?”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “ငွေဘယ်လောက်ရှိမှ အမေရိကန်မှာ လူချမ်းသာလို့သတ်မှတ်ခံရတာလဲ”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top