လွန်ခဲ့တဲ့ (၂) နှစ်ခန့်ကတည်းက ခေတ်စားလာတဲ့ နှာခေါင်းမွေးအရှည်ထားခြင်း

hh.jpg

လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်က စတင်ပြီး အနောက်နိုင်ငံတွေရဲ့ အမျိုးသမီးတွေကြားမှာ နှာခေါင်းမွေးအရှည်ထားတာ ခေတ်စားလာခဲ့ပါတယ်။ ဟိုအရင်တုန်းကဆိုရင် နှာခေါင်းမွေးတွေကို မတိုတိုအောင် နှုတ်ကြပေမယ့်လည်း လက်ရှိမှာတော့ မရှည်ရှည်အောင် ထားလာကြပါတယ်။ ယုံယုံ၊ မယုံယုံ လက်တွေ့ဘဝမှာ တကယ်ဖြစ်နေတာတစ်ခုက နှာခေါင်းမွေးကို အရှည်ထားလာတာနဲ့ နှာခေါင်းမွေးကို အလှဆင်လာတာပါပဲ။

ဒါဆန်းသတင်းအရ အင်စတောဂရမ်အသုံးပြုသူ ဂရက် ချန် ချန် (Gret Chen Chen ) ဆိုတဲ့ အမျိုးသမီးဟာ နှာခေါင်းမွေးအရှည်ထားတဲ့စတိုင်ကို (၂၀၁၇) ခုနှစ်မှာ ပထမဆုံးလုပ်ပြခဲ့ပါတယ်။ သူမဟာ မျက်တောင်မွေးအတုကို နှာခေါင်းဝမှာ ကော်နဲ့ ကပ်လျက် ရိုက်ထားတဲ့ပုံကို အင်စတောဂရမ်မှာ တင်ခဲ့ပါတယ်။ နှာခေါင်းမွေးအရှည်ထားတဲ့စတိုင်က ချက်ချင်း ခေတ်စားလာတာ မဟုတ်ပေမဲ့ လက်ရှိမှာ အားကောင်းလျက်ရှိပါတယ်။

အတတ်ကောင်းတစ်ခုသင်ပေးရမယ်ဆိုရင် အင်စတောဂရမ်မှာ နှာခေါင်းမွေး အရှည်ထားတာကို အင်္ဂလိပ်လို့ #nosehairextensions လို့ ရိုက်ရှာလိုက်မယ်ဆိုရင် နှာခေါင်းမွေးအရှည်ထားတဲ့ပုံတွေ အများကြီး တွေ့ရမှာပါ။ နှာခေါင်းမွေး အရှည်ထားနည်း ဗီဒီယိုကို တင်တဲ့အခါမှာ ကြည့်ရူသူ လူ (၁၄၇,၀၀၀) သိန်းရှိပြီး လူကြိုက်များလာခဲ့ပါတယ်။ နှာခေါင်းမွေးအရှည်ထားတာ ဘယ်အတွက်ကောင်းလို့ ထားရမှာလဲလို့ မေးစရာရှိလာပါတယ်။

နှာခေါင်းမွေး အရှည်ထားတာရဲ့ ကောင်းကျိုးတစ်ခုက အဆုတ်ထဲကို အန္တရာယ်ရှိတဲ့ဘက်တီးရီးယား ပိုးတွေဝင်လာတာကို ကာကွယ်ပေးတယ်လို့ ကလီဗီလန် ဆေးခန်း (Cleveland Clinic) က လေ့လာ တွေ့ရှိထားတာဖြစ်ပါတယ်။ နှာခေါင်းမွေးအရှည်ထားတာက ကောင်းကျိုးရှိတာကြောင့် ကောင်းတယ်လို့ ပြောလို့ရသလို၊ ပတ်ဝန်းကျင်ကဲ့ရဲ့တာခံရမှာဖြစ်တာကြောင့် မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဆက်လက်ခေတ်စားလာဦးမယ့် သဘောပါပဲ။

Ref: YAHOO “Nose Hair Extensions Are the Latest Beauty Trend We Never Asked For”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “လွန်ခဲ့တဲ့ (၂) နှစ်ခန့်ကတည်းက ခေတ်စားလာတဲ့ နှာခေါင်းမွေးအရှည်ထားခြင်း”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top