ဖန်ဂန်ရာဇီတောင်၏ ချောက်ကမ်းပါးအတွင်း ပြုတ်ကျပျောက်ဆုံးသွားသည့် မစိမ့်ထက်ကို ရှာဖွေ/ကယ်ဆယ်နိုင်ခြင်းမရှိသေး

59962447_2411088312494589_2676412710203162624_n.jpg

ရှေ့ပြေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ကသွားရောက်ခဲ့ရာမှာ မစိမ့်ထက်ရဲ့ အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိခဲ့ပေမဲ့ လူကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသေးဘူးလို့ သိထားရပါတယ်။

ရှေ့ပြေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ကသွားရောက်ခဲ့ရာမှာ မစိမ့်ထက်ရဲ့ အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိခဲ့ပေမဲ့ လူကိုတော့ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိ

မစိမ့်ထက်ကို ရှာဖွေ/ကယ်ဆယ်ဖို့အတွက် မေလ (၄) ရက်နေ့က ဖန်ဂရမ်ရာဇီတောင်ထိပ်ကို ပထမဆုံးရောက်ရှိသွားခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ မေလ (၁၂) ရက်နေ့မှာ မိသားစုဝင်တွေနဲ့အတူ ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ပြောကြားချက်အရ မစိမ့်ထက်ဝတ်ထားခဲ့တဲ့ဂျာကင်အင်္ကျီ၊ ပျက်စီးနေတဲ့မျက်မှန်၊ စားစရာအနည်းငယ်နဲ့တကွ အခြားအသုံးအဆောင်ပစ္စည်းအနည်းငယ်ကို ပေ (၁၀၀၀) ကျော်အနက်ရှိတဲ့ချောက်ကမ်းပါးအတွင်းကနေ ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။

မစိမ့်ထက်ဝတ်ထားခဲ့တဲ့ဂျာကင်အင်္ကျီ၊ ပျက်စီးနေတဲ့မျက်မှန်၊ စားစရာအနည်းငယ်နဲ့တကွ အခြားအသုံးအဆောင်ပစ္စည်းအနည်းငယ်ကို ပေ (၁၀၀၀) ကျော်အနက်ရှိတဲ့ ချောက်ကမ်းပါးအတွင်းကနေ ရှာတွေ့ခဲ့

( မှတ်ချက် – ဂျာကင်အင်္ကျီမှာ သွေးအစအနတွေ လုံးဝမရှိနေခဲ့ပါဘူး။ ချောကလက်တုံးလေးကလည်း ကိုက်ရာလေးနဲ့တွေ့ပါတယ်။ ဆေးဗူးအချို့နဲ့ အအေးဒဏ်ကာကွယ်နိုင်ဖို့ ခန္ဓာကိုယ်လိမ်း Cream ဗူးတွေဟာလည်း ဖွင့်ပြီးသုံးထားခဲ့ပုံရကြောင်းကို တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေအရ မစိမ့်ထက်ဟာ ချောက်ကမ်းပါးအတွင်းကို ကျကျပြီးချင်း အသက်ဆုံးရှုံးသွားခဲ့ခြင်းမရှိသေးဘဲ သူတတ်နိုင်သလောက် ကြိုးစားရှင်သန်ဖို့ အားထုတ်သွားခဲ့ပုံရကြောင်း သုံးသပ်ရပါတယ်။ )

မစိမ့်ထက်ဟာ ချောက်ကမ်းပါးအတွင်းကို ကျကျပြီးချင်း အသက်ဆုံးရှုံးသွားခဲ့ခြင်းမရှိသေးဘဲ သူတတ်နိုင်သလောက် ကြိုးစားရှင်သန်ဖို့ အားထုတ်သွားခဲ့ပုံရ

အဲဒီချောက်ကမ်းပါးစွန်းရဲ့အလွန်မှာ ပေ (၂၀၀၀) ကနေ(၃၀၀၀) အနက်ရှိတဲ့ နောက်ထပ်ချောက်ကမ်းပါးအကြီးတစ်ခုထပ်ရှိနေတာ၊ ဒါ့အပြင် ရာသီဥတုအခြေအနေ ဆိုးရွားလာတာတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့က ဆက်ဆင်းပြီးရှာဖွေဖို့မဖြစ်နိုင်တော့ဘဲ ပြန်ဆုတ်ခွာလာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယနေ့အထိ မစိမ့်ထက်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။

ယခုသွားရောက်ခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ဦးဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး မိမိသဘော/ မိမိအစီအစဉ်နဲ့ ကယ်ဆယ်ရေးကို ဝင်ရောက်ဆောင်ရွက်ပေးခဲ့ကြတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ချုပ်ဝင်တွေကဦးဆောင်ကာ၊ ဒေသခံအများအပြားက ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြကြောင်းသိရှိရပြီး ဒီအဖွဲ့ဟာ The Summiter အဖွဲ့ခေါင်းဆောင် (ကို)ဇော်ခိုင် ဦးဆောင်တဲ့ကယ်ဆယ်ရေးအဖွဲ့မဟုတ်ကြောင်းလည်း သိရပါတယ်။

အခြားသတင်းအရင်းအမြစ်တွေကိုလည်း အောက်မှာ စုစည်းတင်ပြပေးလိုက်ပါတယ်။

(1) DVB – https://www.youtube.com/watch?v=bwEBoR_uBvs

(2) The Silent Talks – https://www.facebook.com/tst.sky.news/videos/324407211590065/?v=324407211590065

(3) Bro SiThu Maung – https://www.facebook.com/sithumaung70/posts/2336763503071256

(4) Bro Sanlu Ram Seng – https://www.facebook.com/story.php?story_fbid=2171117863200755&id=100009076880528

All credit goes to those mentioned above.

Ref: Justice For Saint Htet FB Page
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “ဖန်ဂန်ရာဇီတောင်၏ ချောက်ကမ်းပါးအတွင်း ပြုတ်ကျပျောက်ဆုံးသွားသည့် မစိမ့်ထက်ကို ရှာဖွေ/ကယ်ဆယ်နိုင်ခြင်းမရှိသေး”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top