ဒေါ်လာ (၈) သန်းတန် အဆောက်အဦးကို ဝယ်ယူနိုင်တဲ့ အသက် (၆) နှစ်အရွယ်ကိုရီးယားသူလေး

67887875_1394104804074595_1860841808452386816_n.jpg

အသက် (၆) နှစ်သာရှိသေးတဲ့ တောင်ကိုရီးယားသူလေးက ဒေါ်လာသန်းချီတန်တဲ့ ငါးထပ်အဆောက်အဦးကို ဝယ်နိုင်တယ်ဆိုရင် စာဖတ်ပရိသတ်တွေ အံ့ဩကြမယ်ထင်ပါတယ်။ YouTube မှာ အောင်မြင်တဲ့ ကြယ်ပွင့်လေး ဘိုရမ်က ဂန်းနမ်ခရိုင် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဒေါ်လာ (၈) သန်းတန် တဲ့ အဆောက်အဦးကို ဝယ်ယူခဲ့တာပါ။ ဘိုရမ်ရဲ့ မိဘနှစ်ပါး ထူထောင်ထားတဲ့ ဘိုရမ်မိသားစုကုမ္ပဏီနာမည်နဲ့ ဝယ်ယူသွားခဲ့တာပါလို့ အိမ်ခြံမြေမှတ်ပုံတင် ဌာနက ဆိုပါတယ်။

ဒီလောက်များပြားတဲ့ ငွေတွေကို ဘိုရမ်တစ်ယောက် ဘယ်လိုရှာလဲဆိုတော့ YouTube မှာ အကောင့်နှစ်ခုဖွင့်ပြီး ကစားအရုပ်တွေနဲ့ပတ်သက်လို့ review တင်ပေးသလို ဗီဒီယိုလေးတွေလည်း တင်လေ့ရှိပါတယ်။ ဘိုရမ်ရဲ့အကောင့်နှစ်ခုမှာတော့ ကြည့်ရှုသူ subscribers တွေ သန်းချီ ရှိနေပါတယ်။

ပလတ်စတစ်ကစားစရာအရုပ် မီးဖိုချောင်လေးမှာ အသင့်စားခေါက်ဆွဲခြောက်ပြုတ်ပြီး ကင်မရာရှေ့မှာ အားရပါးရစားပြတဲ့ ဗီဒီယိုဟာဆိုရင် ဘိုရမ်ရဲ့အအောင်မြင်ဆုံးဗီဒီယိုလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အဖေမသိအောင် ပိုက်ဆံအိတ်ထဲက ပိုက်ဆံနှိုက်ယူပုံကို တင်ထားတဲ့ဗီဒီယို ကတော့ ကလေးငယ်တွေ အတုခိုးမှားအောင်လုပ်နေတာဖြစ်လို့ တောင်ကိုရီးယားမိဘတစ်ချို့က သူတို့ကလေးတွေ အကျင့်စာရိတ္တပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။

YouTube ပေါ်မှာတော့ အောင်မြင်သွားပြီဆိုတာနဲ့ စီးပွားရေးအကြီးစားပါပဲ။ YouTuber လုပ်ရင်း ကြေးအများဆုံးရတဲ့ အသက်အငယ်ဆုံး Forbes စာရင်းဝင်ကတော့ (၇) နှစ်အရွယ် အမေရိကန်သား Ryan Kaji ဖြစ်ပါတယ်။ ခန့်မှန်းဝင်ငွေကတော့ ဒေါ်လာ (၂၂) သန်း ပါ။

YouTuber တွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ငွေတိုးအောင် ကြံဆနေပြီး နာမည်ကြီးကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ ကြော်ငြာထည့်ဝင်ချင်လာအောင် ကြိုးပမ်းကြပါတယ်။ ဘိုရမ်ကလည်း အရုပ်ဗီဒီယို အကြောင်းပြောရင်း ကုန်ပစ္စည်းတံဆိပ်ကိုပါ တစ်ခါတည်းကြော်ငြာပေးလေ့ရှိပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တန်ဖိုးကြီးအဆောက်အဦးကို ပိုင်ဆိုင်နိုင်တဲ့ဘိုရမ်ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး ကလေး YouTuber အဖြစ် ဆက်လက်ရပ်တည်နေဦးမှာပါ။

Ref: edition.cnn.com “Boram, 6-year-old South Korean YouTuber, buys $8 million property”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “ဒေါ်လာ (၈) သန်းတန် အဆောက်အဦးကို ဝယ်ယူနိုင်တဲ့ အသက် (၆) နှစ်အရွယ်ကိုရီးယားသူလေး”

Leave a Reply

scroll to top