ရထားပေါ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ စစ်မှုထမ်းဟောင်း မ နဲ့ မောင် စုံတွဲ

c1.jpg

တစ်သက်မှာ တစ်ကြိမ်ပဲလက်ထပ်ရမှာမို့ “ရထားတစ်စင်းပေါ်မှာလက်ထပ်ကြရအောင်” လို့ တောင်းဆိုခံရမယ်ဆိုရင် သင်က လက်ခံမလား၊ ငြင်းပယ်လိုက်မလား။ အမေရိကန် စစ်မှုထမ်းဟောင်းနှစ်ဦးဖြစ်ကြတဲ့ အသက် (၃၀) အရွယ် ရောဘတ် မူဆို (Robert Muso) နဲ့ အသက် (၃၂) နှစ်အရွယ် ဖရန်စစ် ဒိန်းမတ် (Francis Denmark) တို့ကတော့ ပြီးခဲ့တဲ့ရက်အတွင်း အမေရိကန်မှာပြေးဆွဲနေတဲ့ “ဂျူ – Q” ရထားပေါ်မှာ အနမ်းချင်းဖလှယ်ပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။

နယူးယောက်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ကျောင်းသူ ဖရန့်စစ်က ရထားပေါ်မှာလက်ထပ်ဖို့ တောင်းဆိုခံလိုက်ရစဉ် သူဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာကို ပြောပြခဲ့ပါတယ်။ ” ရောဘတ် က ရထားပေါ်မှာလက်ထပ်ဖို့ပြောတော့ ကျွန်မက ဟင့်အင်း ရထားကညစ်ပတ်တယ်။ ကျွန်မ အဲဒီအတိုင်း လက်မထပ်ချင်ဘူး”လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရက်နည်းနည်းအကြာမှာ ရထားပေါ်မှာမင်္ဂလာဆောင်ရင် တမူထူးမယ်၊ ကွဲပြားမယ်လို့ ဖရန့်စစ်တွေးမိလာခဲ့ပါတယ်။ ဒါနဲ့ပဲ စစ်မှုထမ်းဟောင်း မ နဲ့ မောင်တို့ဟာ ပြီးခဲ့တဲ့ အပတ်စနေနေ့က အမေရိကစံတော်ချိန် ညနေ (၅) နာရီတိတိအချိန်မှာ ဓာတ်ပုံဆရာရယ်၊ ရထားပေါ်မှာပန်းအလှဆင်ပေးမယ့်သူ (၂) ယောက်ရယ်၊ တခြားလူ (၁၀) ယောက်နဲ့အတူ တိုးတက်ရေးပန်းခြံဘူတာ (Prospect Park Station) မှာ လက်ထပ်ခဲ့ကြပါတယ်။ တခြားခရီးသည်တွေကလည်း သူတို့ရဲ့ ကြည်နှုးစရာလက်ထပ်ပွဲလေးမှာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အမျိုးသမီးတစ်ဦးဆိုရင် သတို့သမီးဆံပင်ကို ဝိုင်းပြင်ဆင်ပေးခဲ့ပါတယ်။

အငြိမ်းစားတရားသူကြီးဖြစ်တဲ့ သတို့သား မူဆိုရဲ့ မရီးဖြစ်သူက လက်ထပ်ထိမ်းမြားပွဲကို ဦးစီးဦးရွက်ပြုပေးခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ဟာ (၂၀၁၆) ခုနှစ် မေလမှာ စတင်တွေ့ဆုံခဲ့ကြတာပါ။ အခုတော့ သူတို့နှစ်ယောက်ဟာ ဘဝနှစ်ခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်ကြပြီး “ချစ်ခြင်းရထား” ကို စီးရင်း ဒုက္ခ၊ သုခတွေ စောင့်ကြိုနေတဲ့ အိမ်ထောင်ရှင်ဘဝဆီကို မောင်းနှင်သွားကြပါပြီ။

Ref: Fox News “Army veterans get married on NYC subway: ‘A moving ceremony and the bride wore a beautiful train’ ”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “ရထားပေါ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ စစ်မှုထမ်းဟောင်း မ နဲ့ မောင် စုံတွဲ”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top