ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ Compressor စက်များရပ်တန့်သွားမှုကြောင့် အရေးပေါ်ဝန်အားလျော့မည်

44216932_1488560857913918_1266217480540389376_n.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ဓာတ်အားပေးနေတဲ့ ရတနာကမ်းလွန်ဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်နေတဲ့ GT စက်တွေဟာ offshore မှာ Compressor (၂) လုံး အရေးပေါ် Shut Down ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ အလှည့်ကျ ဝန်အားလျော့ခြင်းတွေအပြင် Feederwise အရေးပေါ် Load Shed တွေလည်း ထပ်မံပြုလုပ်ရနိုင်

ဒီဖြစ်စဉ်ကြောင့် (14.5.2019) ရက်နေ့ နံနက်ပိုင်းအချိန်မှာ ရွှေတောင်(15) MW၊ အလုံ (42) MW ၊ ရွာမ E-Gat (60) MW ၊သီလဝါ (25) MW ၊လှော်ကား (35) MW စက်တွေရပ်တန့်သွားခဲ့ပြီး MW (200) ခန့်လျော့နည်းသွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်စက် (၃) လုံးကနေ (200) MW လောက် ထပ်မံရပ်တန့်နိုင်ချေရှိတဲ့အတွက် ဓာတ်အားထုတ်လုပ်မှု (400) MW လောက် လျော့နည်းသွားမှာဖြစ်ပါတယ်။

အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိလုပ်ဆောင်နေတဲ့ အလှည့်ကျ ဝန်အားလျော့ခြင်းတွေအပြင် Feederwise အရေးပေါ် Load Shed တွေလည်း ထပ်မံပြုလုပ်ရနိုင်ကြောင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူတွေကို YESC က အသိပေး မေတ္တာရပ်ခံထားပါတယ်။

Ref: YESC
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

2 Replies to “ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ Compressor စက်များရပ်တန့်သွားမှုကြောင့် အရေးပေါ်ဝန်အားလျော့မည်”

    1. ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

scroll to top