ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မင်္ဂလာပွဲကို တိတ်တဆိတ်ကျင်းပသွားမယ့် အိန္ဒိယအနုပညာရှင်စုံတွဲ ဗီဂျေးနဲ့ ရရှ်မီကား

couple.jpg

Geetha Govindam ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ နာမည်ကြီးအိန္ဒိယအနုပညာရှင်စုံတွဲဖြစ်တဲ့ မင်းသား ဗီဂျေးဒီဗာရာကွန်ဒါ နဲ့ မင်းသမီး ရရှ်မီကား မန်းဒန်နာဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျ ဥဒါအီပူရ်မြို့မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ မင်္ဂလာပွဲကို မိသားစုဝင်တွေ၊ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ ကျင်းပသွားမှာဖြစ်ပါတယ်။


အခမ်းအနားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်မှာဖြစ်ပြီး မင်္ဂလာပွဲနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ဖိတ်ကြားမယ့်ဧည့်သည်စာရင်းမှာ အရမ်းနည်းပါတယ်။ ဖုန်းတွေကို ယူခွင့်ပြုမှာမဟုတ်ပါဘူး။ မင်္ဂလာပွဲရိုက်ကူးမယ့်အဖွဲ့ကိုတောင် ထုတ်ဖော်မပြသဖို့ သဘောတူညီချက် ရေးထိုးထားပြီးပါပြီ။ အနုပညာလောကက သရုပ်ဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မဖိတ်ဘူးလို့လည်း သိရပါတယ်။

မင်္ဂလာပွဲပြီးသွားရင် သူတို့စုံတွဲက အချိန် ၁ လလောက် အနားယူပါမယ်လို့ဆိုပါတယ်။ ဥဒါအိပူရ်မြို့မှာ မင်္ဂလာပွဲကို သီးသန့်ကျင်းပမှာဖြစ်ပေမဲ့ မတ်လ ၄ ရက်နေ့မှာ မိတ်ဆွေတွေနဲ့ ရုပ်ရှင်လောကသားတွေအတွက် ဧည့်ခံပွဲတစ်ခုကျင်းပဖို့ ရှိပါတယ်။

ဗီဂျေးနဲ့ ရရှ်မီကားတို့က Geetha Govindam နဲ့ Dear Comrade ဇာတ်ကားတွေမှာ ဓာတုဗေဒမိစွာ သရုပ်ဆောင်ခဲ့ပြီးနောက် တကယ့်လက်တွေ့ဘဝမှာ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃ ရက်နေ့မှာတော့ သီးသန့်အခမ်းအနားနဲ့ သူတို့စေ့စပ်ခဲ့တယ်ဆိုတာကို သူတို့စုံတွဲနဲ့ ရင်းနှီးတဲ့သတင်းအရင်းအမြစ်က သတင်းမီဒီယာတွေကို အတည်ပြုပေးခဲ့ပါတယ်။

Ref: At Rashmika Mandanna And Vijay Deverakonda’s Udaipur Wedding, A No-Phone Policy For Guests: Report

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top