ဂျပန်နိုင်ငံမှ သစ်သီးထုပ်ပိုးမှုမှာ တောင်သူတွေရဲ့ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြ

famer.jpg

ဂျပန်နိုင်ငံမှာ သစ်သီးဝလံတွေကို ထုပ်ပိုးတဲ့အခါ စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ ဓာတ်ပုံကိုပါ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ စတော်ဘယ်ရီသီး တစ်ပုံး ဝယ်တယ်ဆိုရင် စိုက်ပျိုးထားတဲ့ တောင်သူရဲ့ ဓာတ်ပုံ၊ နာမည်နဲ့ ဘယ်လိုစိုက်ပျိုးခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ပုံးပေါ်မှာ ဖော်ပြထားတာပါ။

ဒီနည်းလမ်းဟာ တောင်သူတွေအပေါ် ကျေးဇူးသိတတ်ကြောင်း ပြသတဲ့ အမူအယာတစ်ခုဖြစ်သလို စိုက်ပျိုးသူနဲ့ စားသုံးသူကြား ဆက်သွယ်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။

Ref: In Japan, a quiet revolution in food packaging is unfolding

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top