17.9.2024-yyl-4.jpg

လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ရွာအတွက် ကိုယ်ပိုင်ငွေသုံးပြီး တံတားထိုးပေးခဲ့တဲ့ တရုတ်အမျိုးသား ဖမ်းဆီးခံရ

လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ရွာအတွက် ကိုယ်ပိုင်ငွေသုံးပြီး ဗောတံတားထိုးခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ တည်ဆောက်မှုကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်း ကျီလင်းပြည်နယ်မှာ တည်ရှိတဲ့ ကျန်းလင်းရွာလေးဟာ ၂၀၀၅ ခုနှစ်မတိုင်ခင်ကတော့ တိုးဝါမြစ်ကြောင့် လမ်းပန်းဆက်သွယ်ရေး…

17.9.2024-yyl-1.jpg

ကားသစ်တစ်စီးဝယ်နိုင်လောက်တဲ့အထိ နွေရာသီကျောင်းပိတ်ရက်အတွင်း မြက်ရိတ်တဲ့အလုပ်လုပ်ပြီး ပိုက်ဆံစုဆောင်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်

မက်ဆာချူးဆက်ပြည်နယ်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က နွေရာသီကျောင်းပိတ်ရက်တွေမှာ အလုပ်ကြိုးစားမှုရလဒ်ကြောင့် သူရဲ့လိုအင်ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ဒါလန်ဆိုတဲ့ အဲ့ဒီကောင်လေးက Jeep Wrangler ကားသစ်တစ်စီးပိုင်ဆိုင်ချင်တဲ့ အိပ်မက်ရှိခဲ့တာပါ။ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ သူဟာ ကျောင်းအားလပ်ရက်တွေမှာ အလုပ်ကြိုးစားလုပ်ခဲ့ရတာပါ။…

16.9.2024-yyl-6.jpg

အမေဇုန်တောထဲမှ မြစ်တစ်စင်းရဲ့အစကို ဗြိတိန်နိုင်ငံမှ စွန့်စားသွားလာသူတစ်စု ရှာဖွေဖော်ထုတ်

ဗြိတိန်နိုင်ငံမှ စွန့်စားသွားလာသူတစ်စုဟာ အမေဇုန်တောနက်ထဲက လူသူအရောက်အပေါက်နည်းတဲ့ မြစ်တစ်စင်းရဲ့ အစကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ သစ်တော ထူထပ်လွန်းလို့ ကိုသြဒီနိတ်အမှတ်တွေ တိကျရေရာခြင်း မရှိတဲ့ ဒီနေရာကို အရင်ကတော့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ပဲ မြေပုံဆွဲထားခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသား…

16.9.2024-yyl-5.png

ဇနီးဖြစ်သူကို နံပါတ်မဖော်တဲ့ဖုန်း သုံးပြီး တစ်နေ့အကြိမ် ၁၀၀ ကျော် ဖုန်းခေါ်တဲ့အမျိုးသား ဖမ်းဆီးခံရ

ဂျပန်အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူကို နံပါတ်မဖော်တဲ့ဖုန်းသုံးပြီး တစ်နေ့ ဖုန်းအကြိမ် ၁၀၀ ကြိမ် ဆက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂျပန်နိုင်ငံ အမာဂါဆာကီမြို့မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး…

16.9.2024-yyl-1.jpg

စဖွင့်ပြီး ၃ နှစ်အကြာမှာ ပိတ်သိမ်းတော့မယ့် ကမ္ဘာ့အလှဆုံးစာအုပ်ဆိုင်

တရုတ်နိုင်ငံက ကမ္ဘာ့အလှဆုံးစာအုပ်ဆိုင်အဖြစ် မကြာခဏခေါ်ဝေါ်လေ့ရှိတဲ့ စာအုပ်ဆိုင်ဟာ စဖွင့်ပြီး ၃ နှစ်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ ပိတ်သိမ်းသွားတော့မှာဖြစ်ပါတယ်။ စာအုပ်ဆိုင်ရဲ့ဗိသုကာဒီဇိုင်းတွေနဲ့ စာအုပ်ပေါင်း ၁၃၀၀၀ တို့နဲ့ နာမည်ကြီးတဲ့ Tsutaya စာအုပ်ဆိုင်ကို ၂၀၂၁ ခုနှစ်…

13.9.2024-yyl-10.jpg

အငြိမ်းစားယူပြီးသွားတဲ့အချိန်မှာတောင် ဒုတိယဘွဲ့ဖြစ်တဲ့ ဥပဒေဘွဲ့ကို ယူခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသား

တချို့လူတွေဆိုရင် အလုပ်ကနေ အငြိမ်းစားယူပြီးသွားရင် အေးအေးလူလူနေကြပေမဲ့ ဒီအသက် ၇၇ နှစ်အရွယ်မလေးရှားအမျိုးသားကတော့ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရအောင်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဇူကီဖလိုင် အက်ဘ်ဒူလာဆိုတဲ့ အဲ့ဒီအမျိုးသားက စက်တင်ဘာ ၄ ရက်နေ့မှာ Universiti Teknologi Mara ကနေ…

13.9.2024-yyl-7.jpg

VMAs ဂီတဆုပေးပွဲမှာ ဒုတိယအကြိမ် ဆုထပ်မံရရှိခဲ့တဲ့ လီဆာ

ကမ္ဘာကျော်တောင်ကိုရီးယားအဆိုအဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာဟာ ၂၀၂၄ ခုနှစ်ရဲ့ MTV Video Music Awards (VMAs) ပွဲမှာ ဒုတိယအကြိမ်ဆုရရှိခဲ့ပြန်ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၂၀၂၂ ခုနှစ်က VMAs ဂီတဆုပေးပွဲမှာ ရရှိခဲ့တာပါ။ လီဆာက…

13.9.2024-yyl-6.png

လမ်းဘေးဈေးဆိုင်လေး ဖွင့်ရာကနေ ဘီလျံနာဖြစ်လာခဲ့သူ

ပိုလီယိုရောဂါ ခံစားနေရပေမဲ့ လမ်းဘေးမုန့်ဆိုင်လေး ဖွင့်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ဒီနေ့အချိန်မှာတော့ မလေးရှားနိုင်ငံရဲ့ အသစ်စက်စက် ဘီလျံနာစာရင်းဝင်ခဲ့ပါပြီ။ လီသီယမ်ဝါဟာ မလေးရှားနိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကလန်းမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့အဖေက ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး သူ့အမေကတော့ ဈေးဆိုင် ဖွင့်ပါတယ်။ သူ့မှာ…

13.9.2024-yyl-1.jpg

တံတားပေါ်က ခုန်ချပြီး အဆုံးစီရင်မယ့် အမျိုးသမီးကို ဘွန်ဂျိုဗီ တားဆီး

တံတားပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ့် အမျိုးသမီးတစ်ဦးကို ကမ္ဘာကျော် ရော့ခ်အဆိုတော် ဘွန်ဂျိုဗီက တားဆီးနိုင်ခဲ့ပါတယ်။ ဘွန်ဂျိုဗီဟာ ရိုက်ကူးရေးအစီအစဉ်ကြောင့် နက်ရှ်ဗီးလ်မြို့ကို ရောက်ရှိနေတုန်း စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန်က ဂျွန်ဆိုင်ဂန်သလာတံတားပေါ်ကနေ…

12.9.2024-yyl-1.jpg

ဝန်ထမ်း အယောက် ၁၀၀ ကို တရုတ်ကုမ္ပဏီတစ်ခုက နောက်ဆုံးပေါ် iPhone 16 Pro လက်ဆောင်ပေးသွားမယ်

ဝန်ထမ်းတွေကို တရုတ်အခြေစိုက် မီဒီယာကုမ္ပဏီ Mediastorm ရဲ့ စီအီးအိုပေးပို့တဲ့ စာရဲ့ Screenshot က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီစာမှာရေးထားတာက “အရင်လိုပဲ ဝန်ထမ်းတိုင်းက iPhone 16 Pro ရသွားမှာပါ။ အလုပ်သင်ပဲဖြစ်ဖြစ် အခုမှအလုပ်ဝင်တဲ့သူပဲဖြစ်ဖြစ်…