သိူ.jpg

၂ နာရီ အတွင်း ၁၀ ကီလိုမီတာ အပြေးပြိုင်ခဲ့တဲ့ အသက် ၉၁ နှစ်အဘိုးအို

အရမ်းအသက်ကြီးရင် အမောမခံနိုင်လို့ အပြေးမပြိုင်နိုင်လောက်ဘူးလို့ ထင်ကြတယ်မလား။ အသက် ၉၁ နှစ်အရွယ် အဘိုးအို အုန်ကင်ဟွာကတော့ အသက်ကြီးလည်းပဲ အပြေးပြိုင်နိုင်ဆိုတာကို သက်သေပြလိုက်ပါတယ်။ အဘိုးဟာ ဩဂုတ်လ ၁၇ ရက်နေ့က Petaling Jaya Half Marathon…

hair1.png

၆ နှစ်တာ အလေ့အကျင့်ကြောင့် ဖြစ်ပေါ်လာတဲ့ ၂ ကီလိုဂရမ်ဆံပင်မွေးလုံးကြီးကို ဆယ်ကျော်သက်မိန်းကလေးရဲ့အစာအိမ်ကနေ ဖယ်ရှားခဲ့ရ

တရုတ်နိုင်ငံက ဆရာဝန်တွေဟာ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးရဲ့အစာအိမ်ထဲကနေ ၂ ကီလိုဂရမ်ရှိတဲ့ ဆံပင်မွေးလုံးကြီးကို ဖယ်ရှားခဲ့ရပါတယ်။ အဲ့ဒီကောင်မလေးက သူ့ရဲ့ဆံပင်မွေးကို ဆွဲယူပြီး စားတတ်တဲ့ ၆ နှစ်တာ အလေ့အကျင့်ကြောင့် အခုလိုဖြစ်လာခဲ့ရတာပါ။  ဇူလိုင်လက ဟဲနန်ပြည်နယ်ရှိ အသက် ၁၅ နှစ်အရွယ်…

actor1.jpg

ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မင်းသားကြီး ဂျက်လီ

ကွန်ဖူးအကျော်အမောမင်းသားကြီး ဂျက်လီဟာ ဆေးရုံတက်နေရတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေခဲ့ရာမှာ လူမှုကွန်ယက်အသုံးပြုသူတွေကို စိုးရိမ်မှုမြင့်တတ်လာစေခဲ့ပါတယ်။ ဂျက်လီက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ဓာတ်ပုံကို ဩဂုတ်လ ၁၇ ရက်နေ့က Douyin တရုတ်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့တာပါ။ “ကျွန်တော် မကြာသေးခင်က…

child.jpg

တစ်နေ့ တစ်နာရီကြာ အိမ်အပြင်ထွက် ကစားခွင့်ရတဲ့ ကလေးတွေ ဉာဏ်ရည်ပိုထက်တယ်လို့ ဆို

တစ်နေ့ ၁ နာရီကြာ အိမ်အပြင်ဘက် ထွက်ကစားခွင့်ရတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ပိုထက်ပြီး တီထွင်ဖန်တီးမှုစွမ်းရည် ပိုကောင်းနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ ဒီဘက်ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်း၊ လက်ပ်တော့ အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့သာ အချိန်ကုန်ရလေ့ ရှိပါတယ်။ ကနေဒါနိုင်ငံ၊…

water.png

ရေသူထီးဖျော်ဖြေရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဒိုင်ဗင်အားကစားသမားဟောင်း

တရုတ်နိုင်ငံက ရေအောက်ဖျော်ဖြေရေးသမားတစ်ဦးဟာ သူ့ရဲ့ကိုယ်လုံးကိုယ်ထည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေကြားရေပန်းစားလို့နေပါတယ်။ ၂၀၀၀ ပြည့်နှစ်ဖွား တက္ကသိုလ်ကျောင်းသား ရှောင်စုန်ကျီဟာဆိုရင် ဝူဟန်မှာတည်ရှိတဲ့ ငါးပြတိုက်မှာ ရေသူထီးအဖြစ် ဖျော်ဖြေနေသူတစ်ဦးပါ။ ချပ်ကပ်နေတဲ့ ဗိုက်သားကို ဖော်ထားပြီး ဖျော်ဖြေနေတဲ့ သူ့ရဲ့ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ…

run.jpg

Running Man အစီအစဉ်ရဲ့အဖွဲ့ဝင် ဂင်ဂျုံးဂု လက်ထပ်တော့မယ်

တောင်ကိုရီးယားနာမည်ကြီးအစီအစဉ် Running Man နဲ့ လူသိများတဲ့ အဆိုတော် ဂင်ဂျုံးဂုဟာ သူ လက်ထပ်တော့မယ်ဆိုတာကို ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ လက်ရေးစာတစ်စောင်နဲ့ အသိပေးလိုက်ပါတယ်။  စာထဲမှာတော့ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျုံးဂုက…

marry.png

လက်ထပ်ခွင့်တောင်းတဲ့စာသားပုံဖော်ထားတဲ့ ၁၃ ဧကပြောင်းခင်းဝင်္ကပါကြီးကို ဖန်တီးခဲ့တဲ့ အမျိုးသား

ဒီအမျိုးသားရဲ့လက်ထပ်ခွင့်တောင်းပုံက တမူးထူးခြားတယ်လို့ ဆိုရမှာပါ။ အိုဟိုင်းယိုးပြည်နယ်က လယ်သမား တင်မ် ဆူလီဗန်ဟာဆိုရင် သူ့ချစ်သူကောင်မလေးကို “Will You Marry Me, Caroline” ဆိုတဲ့ စာသားပါတဲ့ ၁၃ ဧကကျယ်ဝန်းတဲ့ ပြောင်းခင်းဝင်္ကပါကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။  သူ…

babyboorn.png

ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ့် ထိုင်းမင်းသားချော James Jirayu

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တဲ့ ထိပ်တန်းထိုင်းမင်းသားချော James Jirayu ဟာ ကလေးအဖေဖြစ်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့ချစ်လှစွာသောဇနီး Foam  Bejamas က ပထမဆုံးရင်သွေးလေးလွယ်ထားရပြီဆိုတာကို ထိုင်းနိုင်ငံရဲ့အမေများနေ့မှာ လူမှုကွန်ယက်ကနေတဆင့် အသိပေးလာခဲ့တာပါ။  သူတို့ဇနီးမောင်နှံကို ဖျော်ဖြေရေးနယ်ပယ်က သူငယ်ချင်းမိတ်ဆွေတွေကနေရာ…

deear.png

Photo News

ဖင်လန်နိုင်ငံမှာ သမင်တွေကို ကားနဲ့ဝင်တိုက်မိတဲ့ ဖြစ်ရပ်တွေ လျော့နည်းစေဖို့အတွက် သမင် ဦးချိုတွေမှာ ရောင်ပြန်ဆေးသုတ်ပေးတဲ့ နည်းလမ်းသစ်တစ်ရပ် လုပ်ဆောင်ခဲ့ကြပါတယ်။ ကားမီး ထိုးလိုက်တဲ့အခါ ရောင်ပြန်အလင်းကြောင့် သမင်တွေကို ထင်ထင်ရှားရှား တွေ့ရစေဖို့ ရည်ရွယ်ပြီး ဖင်လန်နိုင်ငံ သမင်အဖွဲ့အစည်းက အကောင်အထည်ဖော်…

walk.jpg

လမ်းပြန်လျှောက်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေ ထင်ကြေးပေးပြီး ၂ နှစ်အကြာမှာ ဧဝရတ်တောင်ထိပ်ကို တက်နိုင်ခဲ့သူ

လေထီးမပွင့်လို့ အမြင့်ပေ ၁၆၀၀၀ ကနေ ပြုတ်ကျခဲ့ပြီး အရိုးတွေ ကျိုးခဲ့သူ ဘဲလ်ဂရေးကို ဆရာဝန်တွေက လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဗြိတိန် လေတပ်သား ဘဲလ်ဂရေးဟာ ၁၉၉၆ ခုနှစ်က ကင်ညာနိုင်ငံ ကောင်းကင်ပေါ်မှာ လေထီးခုန်ဆင်းခဲ့ပြီး…