14.6.2024-yyl-3.png

တောင်အာဖရိကမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးတဲ့ ဒရုန်းက ကမ္ဘာ့အမြန်ဆုံးစံချိန်တင်

တောင်အာဖရိကနိုင်ငံမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးခဲ့တဲ့ Peregreen-2 မောင်းသူမဲ့ယာဉ်ဟာ ကမ္ဘာ့အမြန်ဆုံး ဒရုန်းအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ ဝေဟင်ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာ လုခ်ဘဲလ်တို့သားအဖဟာ စက်မှုအင်ဂျင်နီယာ လိတ်ဒ်မန်း ဖန်တီးခဲ့တဲ့ RC quadcopter ဒရုန်းရဲ့…

14.6.2024-yyl-2.jpg

အဝေးကြီးကနေ အထက်တန်းပညာဘွဲ့ယူနေတဲ့သားဖြစ်သူကို Surprise လာလုပ်ပေးခဲ့တဲ့ ဖခင်

ရေတပ်က ဖခင်တစ်ဦးဟာ Brackenridge High School မှာ အထက်တန်းပညာဘွဲ့ရယူနေတဲ့သားဖြစ်သူဆီ တောင်တရုတ်ပင်လယ်ကနေ ၁၇ နာရီကြာခရီးနှင်ပြီး ရောက်အောင်လာခဲ့ပါတယ်။ အမေရိကန်လေတပ်အဖွဲ့ဝင် ဒေးဗစ် ကက်စတီလိုက သားဖြစ်သူ ဒေးဗစ်ရန်ဒီကက်စတီလိုဆီ လာပြီး Surprise လုပ်ခဲ့တဲ့ အခိုက်အတန့်ကို…

14.6.2024-yyl-1.jpg

လက်သည်းခွံလောက်ပဲရှိပြီး လေယာဉ်အင်ဂျင်သံလောက် အသံထုတ်လွှတ်နိုင်တဲ့ ငါး

ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းမြင်နေရပြီး လက်သည်းခွံလောက်သာရှိတဲ့ Danionella cerebrum ငါးဟာ ခရီးသည်တင် လေယာဉ်အင်ဂျင်လောက် အသံထုတ်လုပ်နိုင်စွမ်းရှိတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။ ၁၂ မီလီမီတာလောက်ပဲရှိတဲ့ Danionella cerebrum ငါးဟာ အသံထုတ်လွှတ်တဲ့ ကြွက်သားတွေနဲ့ အရိုးနုကို အသုံးပြုပြီး…

13.6.2024-yyl-1.jpg

ဆွဲကြိုးတစ်ကုံးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သူ

သေနတ်နဲ့အနီးကပ်ပစ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ဆွဲကြိုးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ စကားများ ရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။ ဒါပေမဲ့ ပွိုင့် ၂၂ သေနတ်ကျည်က သံကွင်းဆက်ပုံစံ ဆွဲကြိုးကို ထိမှန်ခဲ့ပြီး ရင်ဘတ်ကို…

12.6.2024-yyl-6-1.jpg

ဆင်တွေဟာ လူသားတွေအတိုင်း အမည်တပ်ခေါ်နိုင်စွမ်းရှိတဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို လေ့လာတွေ့ရှိ

လူသားတွေကလွဲရင် သတ္တဝါတွေထဲမှာ ဆင်တွေက တစ်ကောင်နဲ့တစ်ကောင် နာမည်ခေါ်တတ်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။ ဆင်တွေဟာ ဝမ်းနည်းပူဆွေးတတ်သလို သားပေါက်တွေကိုလည်း စုပေါင်းပျိုးထောင်လေ့ရှိပါတယ်။ ဒါဟာ လူသားတွေနဲ့ သဘာဝချင်း နီးစပ်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့ အသံလှိင်းအနိမ့်ကို…

12.6.2024-yyl-3.jpg

ဘိုးဘွားရိပ်သာမှာ ဆုံရင်း ချစ်သူဖြစ်သွားတဲ့ အသက် ၈၀ အရွယ် အဘိုးအိုနဲ့ ၂၃ နှစ်အရွယ် မိန်းကလေး

ဘိုးဘွားရိပ်သာမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားကြတဲ့ အသက် ၈၀ အဘိုးအိုနဲ့ အသက် ၂၃ နှစ်အရွယ် မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းက တရုတ်လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။ ရှောင်ဖန်း (အမည်ပြောင်း)ဟာ ဟီပေပြည်နယ်က ဘိုးဘွားရိပ်သာမှာ လုပ်အားပေး ဝင်လုပ်ရင်း အဘိုးအို…

12.6.2024-yyl-2.jpg

စင်ကာပူမှာ ရုံတင်ငွေအများဆုံးထိုင်းရုပ်ရှင်ဖြစ်နေတဲ့ “How To Make Millions Before Grandma Dies”

ကြည့်ရှုသူတွေကို မျက်ရည်ကျစေခဲ့တဲ့ “How To Make Millions Before Grandma Dies” ထိုင်းရုပ်ရှင်ဇာတ်ကားဟာဆိုရင် စင်ကာပူနိုင်ငံမှာ ရုံတင်ပြီး ၁၁ ရက်အတွင်း Box Office မှာ ရုံတင်ငွေ စင်ကာပူဒေါ်လာ ၁.၇၇…

12.6.2024-yyl-1.jpg

ဘတ် ၁၀၀၀ ရဖို့ အရက်ပုလင်းတစ်ဝက်သောက်ပြီးနောက်ဆေးရုံတင်လိုက်ရတဲ့ အသက် ၁၃ နှစ်သမီးလေး

အသက် ၁၃ နှစ်အရွယ် ထိုင်းမိန်းကလေးတစ်ဦးဟာ ဘတ်ငွေ ၁၀၀၀ ရဖို့အတွက် အရက်သောက်ပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။ A လို့ပဲ သိကြတဲ့ အဲ့ဒီကောင်မလေးက နခွန် ရတ်ချစီမာမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှာ ပဉ္ဇင်းခံပွဲတစ်ခုကို တက်ရောက်ခဲ့တာပါ။ A နဲ့…

10.6.2024-yyl-8.jpg

ရေပိုက် တွေ့ခဲ့လို့ Made in China ရေတံခွန်လို့ လှောင်ပြောင်ခံနေရတဲ့ ယွမ်တိုင်ရေတံခွန်

ယွမ်တိုင်ရေတံခွန်ဟာ သဘာဝရေတံခွန်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တစ်ဆင့် ရေတံခွန်အဖြစ် သတ်မှတ်ခံထားရတာပါ။ ဟီနန်ပြည်နယ် အလယ်ပိုင်းမှာတည်ရှိပြီး ၃၁၂ မီတာ မြင့်မားတဲ့ ယွမ်တိုင်ရေတံခွန်ဟာ နှစ်စဉ်နှစ်တိုင်း ခရီးသည်သန်းချီ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ တရုတ်နိုင်ငံသား…

10.6.2024-yyl-7.jpg

အမေရိကန်က ပနားမားနိုင်ငံအပေါ် သီတင်းပတ်တိုင်း ပိုးကောင်သန်းချီ ကြဲချရတဲ့အကြောင်းရင်း

အမေရိကန်က ပနားမားနိုင်ငံပေါ်မှာ သီတင်းပတ်တိုင်း ပိုးကောင်သန်းချီကို လေယာဉ်နဲ့ ကြဲချနေတဲ့အကြောင်းရင်းကို သင် သိပါသလား။ အမေရိကန်ဟာ ဒီစီမံကိန်းအတွက် နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၁၅ သန်း အကုန်အကျခံပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ . .…