ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ ဂျပန်နွားမျိုးစိတ်တွေကို ခြင်၊ ယင်၊ မှတ် အစရှိတဲ့ အင်းဆက်ပိုးမွှားတွေရန်ကနေ ကာကွယ်ပေးဖို့ နည်းလမ်း ရှာဖွေရင်း သူတို့ရဲ့ခန္ဓာကိုယ်ကို မြင်းကျားပုံစံ အရောင်ခြယ်ကာ စမ်းသပ်ခဲ့ကြပါတယ်။
၃ ရက်ကြာပြီးနောက်မှာတော့ အရောင်ခြယ်ပေးထားတဲ့ နွားတွေနဲ့ အရောင်မခြယ်ထားတဲ့ နွားတွေကို နှိုင်းယှဉ်စစ်ဆေးရာမှာ အရောင်ခြယ်ထားတဲ့နွားတွေဟာ အင်းဆက်ကောင်တွေ ကိုက်ခံရခြင်း တစ်ဝက်ပိုသက်သာကြောင်း တွေ့ရှိခဲ့ပါတယ်။ အဖြူ၊ အမည်း အစင်းကြားတွေဟာ အင်းဆက်တွေရဲ့ မြင်ကွင်းကို ဝေဝါးစေတာကြောင့် အရောင်ခြယ်ထားတဲ့ နွားတွေ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်း သက်သာလျော့နည်းတာ ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။
ဂျပန်နိုင်ငံမှ မွေးမြူရေးသမားတွေကလည်း ဒီနည်းလမ်းကို အသုံးပြုခဲ့ပြီး အင်းဆက်ပိုးမွှားတွေကြောင့် နွားတွေ ထိခိုက်မှု သိသိသာသာ လျော့နည်းသွားခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
Ref : Japan’s farmers paint cows like zebras to fight bloodsucking insects
NZ ( ရိုးရာလေး)

