တစ်မိုးအောက်ထဲ အတူမနေတော့ဘူးလို့ သတင်းထွက်ရှိနေတဲ့ ဂျက်စတင်ဘီဘာတို့ဇနီးမောင်နှံ
ဂျက်စတင်ဘီဘာနဲ့ ဟေလီဘီဘာတို့ရဲ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတဲ့ ထင်ကြေးပေးမှုတွေထွက်ပေါ်နေတဲ့ကြားက သူတို့ နှစ်ဦးဟာ တစ်မိုးအောက်မှာအတူမနေတော့ဘူးဆိုတဲ့သတင်းလည်း ထွက်ရှိလို့နေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေတိုးမြှင့်လာတာကြောင့် သူတို့နှစ်ဦး အိမ်ခွဲနေကြတာ ရက်သတ္တပတ်များစွာရှိပြီလို့ သိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေအပါအဝင် ဂျက်စတင်ရဲ့အပြုအမူတွေက သူတို့နှစ်ဦးကြား ဝေးကွာသွားစေခဲ့တာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုထားပါတယ်။ “သူတို့တစ်ယောက်နဲ့တစ်ယောက်…

