အပတ်စဉ် ဗေဒင်ဟောစာတမ်း (၈-၉-၂၀၁၉ မှ ၁၄-၉-၂၀၁၉ ရက်နေ့အထိ)

Bay-Din-8-to-14-september-e1567862263325.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၈-၉-၂၀၁၉ မှ ၁၄-၉-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး။ ။ လုပ်လက်စ လုပ်ငန်းများ အဆုံမသတ်နိုင်ဖြစ်နေမည်။ လုပ်ငန်းအတွင်း ထည့်ဝင်ထားတဲ့ ငွေကြေးများ မြုတ်နေမည်၊ အချိန်တစ်ခုစောင့်ရလိမ့်မည်။ မင်းအစိုးရတို့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရမည့်လုပ်ငန်းများအတွက် အချိန်တစ်ခုစောင့်ရန်သာဖြစ်ပါသည်။ အချိန်မစောင့်ဘဲ ငွေစိုက်ထုတ်လုပ်ပါက ငွေများဆုံးတတ်ပါသည်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွက်တော့ ခြေထောက်သတိထားရမယ့်အချိန်ဖြစ်ပါတယ်၊ အထူးသဖြင့် ခြေထောက်တွင် သံစူးခြင်း၊ အဆိပ်ရှိသော တိရိစ္ဆာတို့ ကိုက်ခဲခြင်းဖြစ်တတ်ပြီး ခွဲစိတ်ရသည်အထိ ဒုက္ခပေးနိုင်တဲ့အတွက် သတိထားပါ။ မတော်တဆမှု့လေးတွေကိုလည်း သတိထားပေးပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ကတော့ ကံကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါလိမ့်မည်။ လက်ထပ်ရန် အခြေအနေဖြစ်ပေါ်နေတတ်ပါတယ်၊ အိမ်ထောင်သည်များလည်း အိမ်ထောင်ဘက်နှင့် သွေးအေးနေ တတ်ပါတယ်။ လွတ်မထားပါနှင့် သတိတော့ထားဖို့လိုပါလိမ့်မယ်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းပါသည်၊ နိုင်ငံခြားပညာတော်သင်အတွက် ရွေးချယ်ခံရနိုင်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် ဝင်/ထွက်တတ်သည်။ ဝန်ထမ်းတွေအနေနဲ့ ရာထူးနဲ့ပါတ်သက်တဲ့ စာမေးပွဲဖြေရတတပြီး ခရီးယာယီရှိပါသည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၂။၆

ယတြာ။ ။ တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် အုန်းထမင်းဆွမ်းကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး။ ။ ဒီတစ်ပါတ်စီးပွားရေးလုပ်ငန်းများတွင် အေးစက်တဲ့အခြေအနေဖြစ်မယ်၊ ဘယ်လိုလုပ်ငန်းကိုလုပ်လုပ် အေးစက်နေမှာဘဲဖြစ်တယ်၊ ကိုယ်တိုင်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ၊ လက်မှု့ပစ္စည်းများကတော့ ကောင်းပါတယ်။ သတိထားလုပ်ကိုင်သင့်တဲ့အချိန်ပါ။

ကျန်းမာရေး။ ။ ဦးခေါင်းထိခိုက်ဒဏ်ရာရတတ်တယ်၊ မူးဝေခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်မယ်၊ မျက်လုံးနဲ့ပါတ်သက်တဲ့ ဆေးခန်းပြရတတ်ပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ချစ်သူကို ရလို့အတော်လေး စိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်ရေးအနေနဲ့ ခွဲနေရတတ်ပြီး ခရီးတွေ များ ဆက်နေ့မယ့် အချိန်ပါ။

ပညာရေး။ ။ပညာရေးအနေနှင့် ကြိုးစားသလောက် ကံကောင်းပါတယ်။

အထွေထွေ။ ။ ဒီတစ်ပါတ်မှာလည်း အဝတ်အထည်သစ်။ဖိနပ်သစ်တွေ ဆက် ဝင်လာတတ်ပါတယ်၊ဒီလိုဝင်လာရင် ထီထိုးသင့်တယ်။ အစိုးရဝန်ထမ်းများ ကံအနည်းငယ်ညံတယ်

အကျိုးပေးဂဏန်း – ၂ ၊၆ ၊ ဝ။

ယတြာ– တနင်္လာနေ့တွင် ငှက်ကလေးများကို အစာကြွေးပါ။ လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး။ ။ ယခုအချိန်တွင် စီးပွားရေး ကံကောင်းနေပြီး ရေလုပ်ငန်း၊သားငါးလုပ်ငန်းများ အကျိုးဖြစ်မည့်အချိန်ဖြစ်သည်။ ထူးခြားသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းသစ်စတင်မည်ဆိုပါက လုပ်ငန်းအောင်မြင် မည့်အချိန်ဖြစ်တယ်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွင်း နှလုံးရောဂါရှိတဲ့သူအနေနဲ့ အထူးသတိထားရမယ့် အချိန်ဖြစ်ပါတယ်။ အလွန်ဂရုစိုက်ပါ၊ အမောရောဂါလည်းရတတ်တယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ရည်ရွယ်သူတစ်ယောက် မိမိကို ချစ်နေသူက တစ်ယောက်ဖြစ်မယ်။ကိုယ်ချစ်ထက် သူချစ်ကိုရှာပါ။ အိမ်ထောင်ရေးတွင် နာလည်မှု့ဖြင့် ခရီးဆက်ပါ၊ နှစ်ဘက်မိဘရဲ့ ထိလွယ်ရှလွယ်သော စကားများကြောင့် ရန်ပေါ်တတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် စက်မှု့လက်မှု့ပညာ၊ ရိုးရာလက်မှု့အနုပညာများ သင်ယူသင့်ပါတယ်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း သင့်ထံသို့ ဘုရာဆင်းတုတော် ကြွရောက်လာပါက သင်ကံကောင်းပါလိမ့်မည်။ အစိုးရဝန်ထမ်းများ ခရီးသွားရပါက ထိမိခိုက်မိဖြစ်တတ်ပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၉၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် ဇီးသီးများ လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး။ ။ လုပ်ငန်းသစ်များ တိုးချဲ့ခြင်းများ ဆောင်ရွက်ရမည့် အပါတ်ဖြစ်သည်။ ယခုအချိန်တွင် တိုးချဲ့သော လုပ်ငန်းအတွက် ငွေကြေးကိစ္စလည်း ပေါ်တတ်သဖြင့် သတိထော့ထားရမည်။ လိုအပ်သည်ထက် ပို၍ မတိုးချဲ့သင့်ပါ။ သစ်လုပ်ငန်း၊ပရိဘေဂ လုပ်ငန်းများ ကံကောင်းပါသည်။

ကျန်းမာရေး။ ။ ဆီးချို၊သွေးချို၊ရောဂါအထူးသတိထားပါ။ အစားမှားသဖြင့် သွေးတိုးသမားများ လေဖြတ်သည်အထိ ဖြစ်တတ်သည့်အချိန်ကာလဖြစ်သည်။ ဆီးနှင့်ပါတ်သက်သော ရောဂါများလည်း ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့နေပါသည်။ အိမ်ထောင်ရေးတွင် ရန်ပေါ်နေပြီး အိမ်ထောင်ရေးဖေါက်ပြန်ခြင်းများ ရှိတတ်သည်။ ဆင်ခြင်ရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် အင်ဂျင်နီယာပညာရပ်များ အထူးကောင်းပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်တွင်လည်း ဘာသာရေးနှင့်ဆိုင်သော လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရလိမ့်မည်။ ဝန်ထမ်းများကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ကိုယ်လက်နာခြင်း၊နှလုံးရောဂါရခြင်းဖြစ်မည်။ အချစ်ရေးတွင် ကံကောင်းလာပါပြီ၊ အိမ်ထောင်ရေးကတော့ ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် သစ်တောထွက်ပစ္စည်းလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၁ ၊၄ ၊ ၇။

ယတြာ။ ။ ဂြိုဟ်ပြေနံပြေဘုရား၏ ဗုဒ္ဓဟူးဒေါင့်တွင် ဆီမီးများလှူပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး။ ။ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းသည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်များ၊ သဘာဝဓါတ်ငွေနှင့် ရေနံလုပ်ငန်းများ ကံကောင်းသောအချိန်ဖြစ်သည်။ တောင်သူလုပ်ငန်းများ အနည်းငယ် စိတ်ညစ်ရမည်။

ကျန်းမာရေး။ ။ အသဲရောဂါ၊ အရိုးအဆစ်နှင့်ပါတ်သက်သော ရောဂါများ ရလိမ့်မည်။ သတိထားကုသပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးကံမကောင်းသေးပါ၊ မိမိချစ်ရသူ၏ လှဲ့စားခြင်းခံရမည်၊ အချစ်တုကို အချစ်စစ်ထင်နေမည်။ အိမ်ထောင်ရေးအနေနှင့် မိမိ၏ အိမ်ထောင်ဘက်မှာ စိတ်လေနေလိမ့်မည်။

ပညာရေး။ ။အလုပ်နှင့် သက်ဆိုင်သော သင်တန်းကိုသာ ဆက်တက်ရောက်ပါ။ နိုင်ငံခြား ဘာသာစကားများလည်း လေ့လာသင့်။

အထွေထွေ။ ။ ဝန်ထမ်းများ အထက်လူကြီး ကိုအကြောင်းပြုပြီး ခရီးသွား၇မည်။

အကျိုးပေးဂဏန်း – ၁။၂ ၊၅ ၊ ။

ယတြာ – ကြာသာပတေးနေ့တွင် အိမ်ဘုရားအား မုန့် (၉) မျိုးဖြင့် ဆွမ်းလှူပေးပါ။

သောကြာ

 

ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး။ ။ ငွေကြေးကစားခြင်း၊ ဘဏ်မှငွေချေးခြင်း၊ အိမ်၊ခြံ၊မြေ ကိစ္စများ၊ စာချုပ်ချုပ်ဆိုခြင်း၊ မှတ်ပုံတင်စာချုပ်ပြုလုပ်ရခြင်း၊ အခွန်ငွေနှင့် ပါတ်သက်သည့် ကိစ္စရပ် များပေါ်ပေါက်လာပါလိမ့်မည်။ အထူးသဖြင့် ငွေတိုးချေးစားသူ နှင့် အပေါင်ဆိုင်လုပ်ငန်း လုပ်ကိုင်သူတို့ အဆင်ပြေမည့်အချိန်ဖြစ်သည်။

ကျန်းမာရေး။ ၊ အရိုးကျိုးတတ်သည်။ အသားအရေနှင့်ပါတ်သက်သည့် ရောဂါလည်း ရမည်၊ဆီပူလောင်တတ်သည်။ အတော်လေး ခံစားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပြီး နှစ်ဘက်မိဘ အဆင်ပြေမည်။ အိမ်ထောင်သည်များလည်း အဆင်ပြေပါမည်။ လက်ထပ်ရန် ရွေးချယ်နေပါက အရပ်ပုသူကို ရွေးချယ်လိုက်ပါ။

ပညာရေး။ ။ပညာရေးအနေနှင့် အမျိုးသာများ စက်ပြင်သည့်ပညာနှင့် မိန်းကလေးများ စက်ချုပ်ပညာ သင်ယူသင့်ပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း လက်နက်ကိုင်ဝန်ထမ်းသများ သတိထားလုပ်ကိုင်ပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ဝ။

ယတြာ – သောကြာနေ့တွင် မရှိဆင်းရဲနွမ်းပါးသူကို ငွေကြေးစားစရာများလှူပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့

စီးပွားရေး။ ။ စက်ပစ္စည်း၊ စက်ပစ္စည်းနှင့်ဆိုင်သော အပိုပစ္စည်းများ ၊ဆန်စက်၊ဆီစက်များ အကျိုးပေးပါသည်။ လယ်ယာသုံးပစ္စည်းများ ကံကောင်းမည်။

ကျန်းမာရေး။ ။ အစာအိမ်ရောဂါကြောင့် ခွဲစိတ်ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ သို့သော် အနေဝေးနေမည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘကြောင့် ပြသနာ တက်နေတတ်သည်။ဘာသာရေးခရီးထွက်ပေးပါ။

ပညာရေး။ ။ပညာရေးအနေနှင့် အစားအသောက်နှင့်ဆိုင်သော ပညာရပ်ကို လိုက်စားသင့်သည်။

အထွေထွေ။ ။ ဝန်ထမ်းများ အထူးသဖြင့် (လက်နက်ကိုင်) ဝန်ထမ်းများ တာဝန်ကို သတိထားဆောင်ရွက်ပါ။

အကျိုးပေးဂဏန်း – ၃။၅။၀ ၊

ယတြာ – စနေနေ့တွင် စနေနံဘုရားကို ရေသက်စေ ပူဇော်ပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “အပတ်စဉ် ဗေဒင်ဟောစာတမ်း (၈-၉-၂၀၁၉ မှ ၁၄-၉-၂၀၁၉ ရက်နေ့အထိ)”

Leave a Reply

scroll to top