ကိုရီးယားဝါရင့်မင်းသားကြီး ရုတ်တရက်နှလုံးရပ်ပြီး ဆေးရုံတင်လိုက်ရ အရေးပေါ်အခြေအနေမှာရှိနေ
ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးဝါရင့်သရုပ်ဆောင်မင်းသားကြီး အန်ဆွန်ကီဟာ ရုတ်တရက်နှလုံးရပ်ကာ ဆေးရုံအမြန်တင်လိုက်ရတယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်း ကိုရီးယားသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နေအိမ်မှာ ထမင်းစားနေရင်း ရုတ်တရက်နှလုံးဖောက်ကာ လဲကျခဲ့ပြီး ချက်ချင်းပဲ အရေးပေါ်ခန်းကို ပို့ဆောင်ခဲ့ရပါတယ်။ အထူးကြပ်မတ်ကုသဆောင်ကို မပို့ခင်…

