a963272ce2a9ba264acafd551fe75a16.jpg

ပဲစောင်းလျားသီးကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းမှာ ဟင်းချိုထဲခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကို ရေနွေးဖျော၊ ပါးပါးလှီးပြီး သံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲ ရေနွေးကြမ်းနဲ့လိုက်ဖက်တဲ့ မြန်မာ့သရေစာလက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကိုသုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကိုအမြဲပါဝင်စေဖို့…