အပြင်လောကမှာ တကယ်ရှိတဲ့စွမ်းအားရှင်များ (၁)

Untitled-design.png

Marvel နဲ့ DC ဇာတ်ကားတွေ ထွက်ရှိလာတာနဲ့ ရုပ်ရှင်ချစ်သူတွေက မလွှတ်တမ်းအားပေးကြပါတယ်။ အဲဒီဇာတ်ကားမှာ ပါဝင်တဲ့ စူပါဟီးရိုးတွေရဲ့ စွမ်းအားတွေနဲ့ အရည်အသွေးတွေကို ကြည့်နေရင်းနဲ့ကို အံ့သြမင့်သက်ကြရပါတယ်။ ကိုယ်တွေများ အဲလိုစွမ်းအားမျိုးပိုင်ဆိုင်ရရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိကြမှာပါ။ Marvel နဲ့ DC ဇာတ်ကားတွေထဲကလို လက်တွေ့ဘဝမှာတင် တွေ့ရတဲ့ စူပါဟီးရိုး၊ စွမ်းအားရှင်တွေရှိပါတယ်။ သူတို့က ထူးခြားတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတဲ့ လူသားတွေပါပဲ။ လက်တွေ့ဘဝမှာ ဘယ်သူတွေက ဘယ်လိုစွမ်းအားတွေ ပိုင်ဆိုင်ထားလည်းဆိုတာ ကြည့်လိုက်ရအောင်..။

လီ သော် လင်း (Liew Thow Lin) – သံလိုက်လူသား

သမိုင်းခေတ်က လူတော်တော်များများက ထူးခြားတဲ့သံလိုက်ဓာတ်စွမ်းရည်ရှိတာကြောင့် လူသိများကြပါတယ်။ ဒါပေမဲ့ လူသိအများဆုံးစွမ်းအားရှင်ကတော့ လီ သော် လင်း (Liew Thow Lin) ဆိုတဲ့မလေးရှားလူမျိုးဖြစ်ပါတယ်။ သူက ဘယ်သတ္တုအရာဝတ္ထုတွေကိုမဆို သူရဲ့ခန္ဓာကိုယ်မှာ ကပ်ထားလို့ရပါတယ်။ မလေးရှားနိုင်ငံရဲ့ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက သူရဲ့အရေးပြားက ကပ်နိုင်စွမ်းအားကို ထောက်ပံ့ပေးတဲ့ပွတ်တိုက်အားအမြင့်ဆုံးရှိတယ်လို ဖော်ထုတ်ခဲ့ပါတယ်။

ဒန်နီရယ် ဘရောင်းနင်း စမစ် (Daniel Browning Smith) – ရာဘာလူသား

ဒန်နီရယ် ဘရောင်းနင်း စမစ် ဆိုတဲ့ အမေရိကန်လူမျိုးမင်းသား၊တီဗီအစီအစဉ်တင်ဆက်သူ၊ဟာသပညာရှင်၊အာကစားကြေညာသူက ကမ္ဘာပေါ်မှာ အပျော့ဆုံးလူသားဖြစ်တဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ပြီး သူ့နာမည်ကို လူတိုင်းရင်းနှီးပြီးသားဖြစ်ပါတယ်။

ရှီ လီလျန် (Shi Liliang) – ရေပေါ်မှာ ပြေးနိုင်တဲ့ ကိုယ်ဖော့ပညာရှင်

ရှီ လီလျန် (Shi Liliang) အတွက်တော့ ရေပေါ်လမ်းလျှောက်က အထူးအဆန်းမဟုတ်တော့ပါဘူး။ သူက ရှောင်လင်ဘုန်းကြီးဖြစ်ပြီး ရေမျက်နှာမြင်ပေါ်မှာ မီတာ (၁၂၅) ထိပြေးခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဟိုင် နော့ (Hai Ngoc) – နှစ်ပေါင်းများစွာ မအိပ်စက်ဘဲ နေနိုင်သူ

ဒီလူအတွက်တော့ မအိပ်ချင်ဘူးဆိုရင် ကော်ဖီမလိုအပ်ပါဘူး။ သူဟာ (၄၃) နှစ်ကြာအောင် မအိပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ဗီယမ်နမ်လူမျိုး မာစတာ နော့ကို ၁၉၄၂ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပြင်းထန်တဲ့အိပ်မပျော်တဲ့ရောဂါကိုခံစားခဲ့ပါတယ်။ ဒါပေမဲ့ သူက မအိပ်ဘဲနဲ့တောင် စိတ်အခြေအနေကောင်းမွန်နေပြီးနေတိုင်းအလုပ်လုပ်နိုင်ပါတယ်။

စတီဗင် ဝစ်တ်ရှယ် (Stephen Wiltshire) – အမြင်မှတ်ဉာဏ်အားကောင်းသူ

စတီဗင် ဝစ်တ်ရှယ် (Stephen Wiltshire) က ဗြိတိန်လူမျိုးဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး အဖြစ်အပျက်တိုင်းကို မှတ်မိတဲ့စွမ်းရည်ရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားပါတယ်။ ဘယ်အရာကိုမဆိုမြင်လိုက်တာနဲ့ ပြန်ဖန်တီးပြနိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အပြင်လောကမှာ တကယ်ရှိတဲ့စွမ်းအားရှင်များ (၂) ကိုလည်း ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုကြပါဦးနော်..။

Ref: Brightside “10 People With Superpowers We Can Only Dream Of”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “အပြင်လောကမှာ တကယ်ရှိတဲ့စွမ်းအားရှင်များ (၁)”

Leave a Reply

scroll to top