ကျောင်းသူ/သားတွေဆွဲပေးတဲ့အသည်းပုံလေးတွေရိုက်နှိပ်ထားတဲ့ တီရှပ်ကို ဝတ်ပြခဲ့တဲ့ ဆရာမ
မကြာသေးခင်က ဆွီဒနီ နက်ဆင်လို့ အမည်ရတဲ့ ဆရာမတစ်ဦးဟာ သူ့ရဲ့မူလတန်းကျောင်းသူ/သားတွေကို စာရွက်အလွတ်တစ်ရွက်ပေါ်မှာ အသည်းပုံလေးတွေရေးဆွဲစေခဲ့ပါတယ်။ ဘာအတွက် အသည်းပုံလေးတွေ ရေးဆွဲစေခဲ့တယ်ဆိုတာကို ကျောင်းသူ/ကျောင်းသားတွေမသိခဲ့ပေမဲ့ အံ့အားသင့်စရာတစ်ခုဖြစ်မယ်လို့တော့ ဆရာမ ဆွီဒနီက ပြောခဲ့ပါတယ်။ နောက်တော့ ဆရာမ ဆွီဒနီက ကျောင်းသူ/သားတွေ…