အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ နဲ့တောင် ရောင်းထွက်ခဲ့တဲ့ ငှက်ပျောသီးတိပ်ကပ် အနုပညာလက်ရာ

yyl-012-4.jpg

တချို့အနုပညာလက်ရာတွေက ဒီအတိုင်းကြည့်ရင်တော့ ဘာမှမထူးဆန်းဘဲ ရိုးရိုးရှင်းရှင်းကြီးပဲလို့ ထင်ကြမှာပါ။ ဒါပေမဲ့ တန်ဖိုးအားဖြင့်ဆိုရင် ဒေါ်လာသိန်းချီ ပေးရပါတယ်။ အခုလည်း နံရံတစ်ခုမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးဖန်တီးမှု လက်ရာဟာ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ နဲ့ ရောင်းထွက်ခဲ့တယ်လို့ အနုပညာလက်ရာ ဈေးကွက်အရ သိရပါတယ်။ အဲဒီအနုပညာလက်ရာဟာ အကန့်အသတ်နဲ့ (၃) ခု ဖန်တီးခဲ့တာဖြစ်ပြီး အဲဒီထဲက (၂) ခုက ရောင်းချပြီးသွားပြီဖြစ်ပြီး အခုနောက်ဆုံးတစ်ခုကို ဒေါ်လာ ၁၅၀,၀၀၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

မော်ရီဇီယို ကတ်တီလန် ရဲ့ ဒီလက်ရာကို ပါရီမြို့မှာ တည်ထောင်ခဲ့တဲ့ အနုပညာပြခန်း Perrotin က ပြသခဲ့တာပါ။ ဒါက (၁၅) နှစ်အတွင်း အနုပညာပြပွဲတစ်ခုကို မော်ရီဇီယိုရဲ့ပထမဆုံး ကူညီထောက်ပံ့ပေးမှုပါပဲ။

“Comedian” လို့အမည်ရတဲ့ အနုပညာလက်ရာကို မီယာမီကုန်စုံဆိုင်တစ်ခုကနေ ငှက်ပျောသီးတစ်လုံးနဲ့ ထိပ်တွေကို ဝယ်လာပြီး ဖန်တီးထားတာပါ။ အနုပညာလက်ရာက အကန့်အသတ်နဲ့ (၃) ခုရှိပြီး အဲဒါတွေအားလုံးက ရောင်းချဖို့ဖြစ်တယ်လို့ အနုပညာပြခန်းက ပြောပါတယ်။ ရောင်းထွက်မသွားခင်က ပြခန်းတည်ထောင်သူ အီမန်နူရယ် ပါရိုတင်က ငှက်ပျောသီးတွေက နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံအချင်းချင်းနားလည်မှု သင်္ကေတတစ်ခုဖြစ်သလို ဟာသဉာဏ်အတွက် ထူးခြားတဲ့ ပရိယာယ်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးတွေ ပုပ်သိုးသွားရင် ဘာလုပ်ရမယ်ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားတာမရှိတာကို ဝယ်မဲ့သူတွေ မှတ်ထားသင့်ပါတယ်။ အနုပညာရှင်က ဒီစိတ်ကူးကို လွန်ခဲ့တဲ့ (၁) နှစ်ကတည်းက ရခဲ့တာဖြစ်ပါတယ်။ “အဲဒီတုန်းက မောရီဇီယိုက ငှက်ပျောသီးတစ်လုံးလို ပုံစံရှိတဲ့ ရုပ်တုဖန်တီးဖို့ စဉ်းစားနေခဲ့တာပါ။ သူ ခရီးသွားတဲ့အချိန်တိုင်း သူနဲ့အတူ ငှက်ပျောသီးတစ်လုံးကို ယူလာခဲ့ပြီး စိတ်ကူးအကြံဉာဏ်တွေ ရဖို့ သူ့ဟိုတယ်အခန်းမှာ ချိတ်ထားခဲ့ပါတယ်။ သူက အမျိုးအစားတော်တော်များများ ဖန်တီးခဲ့ပါတယ်။ ပထမဆုံးကော်စေးနဲ့၊ နောက်တော့ ကြေးနီနဲ့၊ နောက်ဆုံးမှာတော့ တကယ်ငှက်ပျောသီးနဲ့ လုပ်ဖို့ စိတ်ကူးဖြစ်ခဲ့တယ်”လို့ ပြခန်းရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မော်ရီဇီယိုကို ခေတ်ယဉ်ကျေးမှုကို အကဲစမ်းတဲ့ရုပ်တုတွေကို ဖန်တီးသူအဖြစ်သိကြပါတယ်။ သူက အင်္ဂလန်နိုင်ငံ၊ Bleinheim Palaceမှာ အခိုးခံလိုက်ရတဲ့ ၁၈ ကာရက်ရှိတဲ့ ရွှေအိမ်သာ (ဒေါ်လာ ၆ သန်း)ကို ဖန်တီးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

Ref: CNN “A-peeling offer? Duct-taped banana work selling for $120,000 at Art Basel Miami”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

One Reply to “အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ နဲ့တောင် ရောင်းထွက်ခဲ့တဲ့ ငှက်ပျောသီးတိပ်ကပ် အနုပညာလက်ရာ”

Leave a Reply

scroll to top