၅၁၂၆ ကြိမ် ကျရှုံးခဲ့ပေမဲ့ လက်မလျှော့ခဲ့လို့ အောင်မြင်မှုရခဲ့တဲ့ ဂျိမ်းစ်ဒိုင်ဆန်
ဂျိမ်းစ်ဒိုင်ဆန်ဆိုတဲ့ နာမည်ဟာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုရဲ့ ဝိသေသတစ်ရပ်လို့တောင် ဆိုနိုင်ပါတယ်။ ဂျိမ်းစ်ဒိုင်ဆန်ဟာ ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလမှာ ဖုန်စုပ်စက်ပုံစံသစ် တီထွင်နိုင်ဖို့အတွက် ပုံစံငယ်ပေါင်း ၅၁၂၇ ခုတိတိ ဖန်တီးခဲ့ပါတယ်။ ပုံစံငယ်တစ်ခု အလုပ်မဖြစ်လိုက်၊ နောက်တစ်ခု ထပ်ဖန်တီးလိုက်နဲ့…

