ကလေးငယ်အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လည်ပင်းအကျိတ်ကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့
ကလေးငယ်တစ်ဦးအတွက် အသက်အန္တရာယ် စိုးရိမ်ရပြီး မျက်နှာတစ်ခုစာ အရွယ်အစားရှိတဲ့ လည်ပင်းအကျိတ်ကြီးကို Global Mercy ဆေးသင်္ဘောကြီးပေါ်မှာ အခမဲ့ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဆီရီယာလီယွန်နိုင်ငံမှ မိန်းကလေးငယ် မီမူနာတာဟာ ငါးလသမီးအရွယ်မှာ လည်ပင်းအကျိတ် စထွက်လာတာဖြစ်ပြီး ဆေးရုံသွားပြပေမဲ့ ခွဲစိတ်မှုလုပ်ဖို ငယ်လွန်းတယ်လို…

