၂၅ နှစ်နီးပါးကွဲကွာနေခဲ့ရတဲ့ သားအမိ ၂ ဦး အဖွဲ့အစည်းတစ်ခုကြောင့် ပြန်လည်ဆုံစည်းခဲ့ရ

11.12.2024-yyl-6.jpg

ကာလိုတာ အာရီတာဟာ မိခင်ဖြစ်သူ ဗစ်တိုးရီးယား ဖာနန်ဒက်ဇ်နဲ့ ၂၅ နှစ်နီးပါးအကြာ ကွဲကွာနေခဲ့ရတာပါ။ အခုဆို သူတို့သားအမိဟာ ပြန်လည်ဆုံစည်းခဲ့ရပါပြီ။

မကြာသေးခင်ကမှ သူတို့သားအမိဟာ Hidalgo Sin Fronteras အဖွဲ့အစည်းရဲ့အကူအညီနဲ့ ပြန်လည်ဆုံစည်းခဲ့ရတာပါ။ Hidalgo Sin Fronteras က မက္ကဆီကိုနဲ့ ဂွါတီမာလာက သက်ကြီးပိုင်တွေကို အမေရိကန်နိုင်ငံက မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံစည်းဖို့နဲ့ ၁၀ နှစ် ဗီဇာရဖို့ ကူညီပေးတဲ့၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အရီဇိုးနားပြည်နယ်မှာ ၂၀၁၉ ခုနှစ်က တည်ထောင်ခဲ့တာပါ။

ကာလိုတာရဲ့သမီးဖြစ်သူ အက်နီဒီလီယာ ရိုလန်က သူ့အမေနဲ့ အဘွားကို ပြန်လည်ဆုံစည်းအောင် ကူညီပေးခဲ့လို့ အဖွဲ့အစည်းကို အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။

ကာလိုတာနဲ့ဗစ်တိုးရီးယားတို့ဟာ Hidalgo Sin Fronteras ရဲ့အကူအညီနဲ့ ပြန်လည်ဆုံစည်းခဲ့ရတဲ့ မိသားစု ၇၀၀ ကျော်မှာ အပါအဝင်ဖြစ်ပါတယ်။ ဗစ်တိုရီးယားဟာ မက္ကဆီကိုကဖြစ်ပြီး ကာလိုတာနဲ့ အမေရိကန်မှာ ပြန်လည်ဆုံစည်းဖို့ လုပ်ငန်းစဉ်အတွက် အချိန် ၂ နှစ်လောက် ယူခဲ့ရပါတယ်။

Ref: Mother and Daughter Reunited After Being Separated for Nearly 25 Years: ‘Very Grateful and Thankful’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top