နာမည်ကျော် YouTuber MrBeast ရဲ့ TeamSeas ပရောဂျက်က သမုဒ္ဒရာထဲမှ အမှိုက်အလေးချိန် ပေါင် ၃၄ သန်းကို ဖယ်ရှားပေးနိုင်ခဲ့

18.7.2024-yyl-1.jpg

နာမည်ကျော် YouTuber တွေဖြစ်တဲ့ MrBeast နဲ့ Mark Rober တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ TeamSeas ပရောဂျက်ဟာ သမုဒ္ဒရာထဲမှာ အမှိုက် အလေးချိန် ပေါင် ၃၄ သန်းကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ လှူဒါန်းငွေ တပြားတချပ်တိုင်းအတွက် အကျိုးဖြစ်စေရမယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့အတူ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဒီစီမံကိန်းကို စတင်ခဲ့ကြတာဖြစ်ပါတယ်။

The Ocean Cleanup၊ Ocean Conservancy စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အလှူငွေ ဒေါ်လာ ၃၃ သန်းအထိ ရရှိခဲ့ကြလို့ မူလရည်မှန်းထားတာထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့ စေတနာ့ဝန်ထမ်း ၁၁၂၀၀၀ ကျော်အထိ ရှိခဲ့တာပါ။

TeamSeas ပရောဂျက်ရဲ့ အောင်မြင်မှုဟာ အနာဂတ်ကာလ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်တယ်လို့ ဆိုကြပါတယ်။

Ref:MrBeast’s TeamSeas Exceeds Expectations, Removes 34 Million Pounds Of Ocean Trash
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top