စကားပုံအတွက် စာဖတ်ပရိသတ်တွေ ရွေးချယ်ဖြည့်စွက်ပေးရမှာက “(ဂ) ခွဲခြမ်းခွဲခြမ်း” ဖြစ်ပါတယ်။ ဒီစကားပုံရဲ့ဆိုလိုရင်းကတော့ အိုင်ပက်သူ နှစ်ဦးက ငါးရံ့ကလေးတွေရသောအခါ နှစ်ယောက်အတူတူ ပိုင်တယ်လို့သဘောထားကြသော်လည်း ငါးခူးကြီးတွေ ရသောအခါ လောဘဝင်ပြီး ခွဲခြမ်းခွဲခြမ်း လုပ်သလိုပဲ အလုပ်တူတူ လုပ်သူအချင်းချင်း အကျိုးအမြတ် နည်းသော် အကျိုးတူသဘောခံယူနိုင်ကြသော်လည်း အကျိုးအမြတ်များသော် အဝေမတည့် ဖြစ်လာတယ်လို့ အဓိပ္ပာယ်ရပါတယ်။
Team ( ရိုးရာလေး )