မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်။
ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ကျ နဲ့ ကြ” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။
“ကျ”
“ကျ” ကိုဘယ်လိုအချိန်မျိုးတွေမှာ ရေးလို့ရလဲဆိုရင် တစ်ခုခုဆုံးရှုံးပျက်စီးသွားတဲ့ အခါမျိုးတွေမှာ “ကျ” ကိုသုံးရပါတယ်။
ဥပမာ- ကျခံ၊ ကျသင့်ငွေ၊ ကျဆုံး၊ စာမေးပွဲကျ၊ ကုန်ဈေးနှုန်းကျ၊ စီးပွားရေးကျ၊ သင်္ကြန်ကျ၊
“ကြ”
“ကြ”ဘယ်လိုအချိန်မျိုးတွေမှာ ရေးလို့ရလဲဆိုရင် အကြောင်းအရာ တစ်ခုကို “အများပြကြိယာပစ္စည်း” ပြတဲ့အခါ မျိုးတွေမှာ “ကြ” ကိုသုံးရပါတယ်။
ဥပမာ- သွားကြ၊ လာကြ၊ စားကြ၊ သောက်ကြ စတဲ့ (အများပြကြိယာပစ္စည်း) ရေးတဲ့အခါမှာ သုံးပါတယ်။
Team (ရိုးရာလေး)