မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “အသည်းအသန် နဲ့ အသဲအသန် ” ရေးသားပုံပဲဖြစ်ပါတယ်။
“အသည်းအသန်” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကို လိုက်ပြီး “အသဲအသန်” လို့ မှားရေးတတ်ကြပါတယ်။ တကယ်က “အသည်းအသန်” လို့ ရေးမှသာ စာလုံးပေါင်း မှန်ကန်မှာဖြစ်ပါတယ်။
Team (ရိုးရာလေး)