မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင် ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ယာ နဲ့ ရာ” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။
“ယာ” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- ကားဘီးတာယာ၊ ကွမ်းယာ၊ လယ်ယာ စတဲ့ စကားလုံးတွေ ရေးသားတဲ့ အခါမျိုးတွေမှာ “ယာ” ကို သုံးရပါတယ်။
“ရာ” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- အိမ်ရာ၊ အိပ်ရာ၊ အမူအရာ၊ ကြယ်တာရာ စတဲ့ စကားလုံးတွေ ရေးသားတဲ့အခါမျိုးမှာ “ရာ” ကို သုံးရပါတယ်။
Team (ရိုးရာလေး)