အသက် ၃၀ ပြည့်မွေးနေ့မှာ ငယ်ဘဝအမှတ်တရပုံလေးတွေ ထုတ်ပြခဲ့တဲ့ မင်းသားတီမိုတေး ရှာလာမက်

birth.jpg

နာမည်ကြီးသရုပ်ဆောင်မင်းသား တီမိုတေး ရှာလာမက် ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က အသက် ၃၀ ပြည့်သွားခဲ့ပါတယ်။ သူက သူ့မွေးနေ့အမှတ်တရအနေနဲ့ အင်စတာဂရမ်မှာ ငယ်ဘဝအမှတ်တရပုံတွေတင်ပြီးတော့ ဆင်နွှဲခဲ့တာပါ။

ဘောလုံးနဲ့ ပင်ပေါင်ကစားနေတဲ့ ဓာတ်ပုံတွေ၊ သူ့အဖေနဲ့ရိုက်ထားတဲ့ ဓာတ်ပုံအပါအဝင် ငယ်ဘဝဓာတ်ပုံတွေအပြင် မကြာသေးခင်ကမှ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာပါ။ “မွေးနေ့ဆုတောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ တီမိုတေးက တရားဝင် ဦးလေးအရွယ်ဖြစ်သွားပြီ”ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါသေးတယ်။

တီမိုတေးအတွက် ၂၀၂၅ ခုနှစ်ဟာဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့ နှစ်ပါပဲ။ သူဟာ သူ့ဇာတ်ရုပ်အတွက် Oscars, BAFTA Awards, Critics’ Choice Awards, Golden Globe Awards တွေမှာ ဆန်ကာတင်ဝင်ခဲ့တာပါ။ သူဟာ Screen Actors Guild ဆုပေးပွဲမှာ ဆုရရှိခဲ့ပါသေးတယ်။ သူ့ရဲ့ဇာတ်ကားအသစ် Marty Supreme က အခုလက်ရှိ ရုံတင်ပြသလို့နေပါတယ်။

Ref: Timothée Chalamet Celebrates His 30th Birthday with Throwback Childhood Photos

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top