ဗီဇာရက်လွန်ကြေး ပေးဆောင်ခိုင်းလို့ စိတ်တိုသွားတဲ့ ဗီယက်နမ်အမျိုးသမီးက ဖိလစ်ပိုင်လေဆိပ်မှာ ဝတ်လစ်စလစ် လျှောက်သွားနေ

17.6.2024-yyl-1.jpg

ဗီဇာရက်လွန်ဒဏ်ကြေး တောင်းလို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အချင်းများခဲ့တဲ့ ဗီယက်နမ်အမျိုးသမီးဟာ ဖိလစ်ပိုင်လေဆိပ်ထဲမှာ ဝတ်လစ်စလစ်နဲ့ လျှောက်သွားနေလို့ လူအများ အံ့အားသင့်စရာ ဖြစ်ခဲ့ကြပါတယ်။ သူထရန်ငုယင်လို့ အမည်ရတဲ့ ၃၄ နှစ်အရွယ် အမျိုးသမီးဟာ ဇွန်လ ၈ ရက်နေ့က ဟိုချီမင်းမြို့ကို ပျံသန်းမယ့် Cebu Pacific လေကြောင်းလိုင်းနဲ့ လိုက်ပါဖို့ နီနွိုင်းအကွီနို နိုင်ငံတကာလေဆိပ်ကို ရောက်လာခဲ့တာပါ။

လေဆိပ်ရဲ့ ထွက်ခွာရာဌာနမှ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့အခါ ဖိလစ်ပိုင်မှာ ရက်ကျော်လွန်ပြီး နေထိုင်ခဲ့တာကြောင့် ဗီဇာရက်လွန်ကြေးပေးဆောင်ရမယ်လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သူ့ကို ပြောခဲ့ကြပါတယ်။ အဲဒီနောက် စကားများခဲ့ကြပြီး သူထရန်ငုယင်က ရေအိမ်ထဲ ဝင်သွားခဲ့တာပါ။ ပြန်ထွက်လာချိန်မှာတော့ သူက အဝတ်အစားဗလာ ဖြစ်နေပြီး လေဆိပ်ထဲ လျှောက်သွားနေခဲ့တာပါ။

အဲဒီအတွက် လေဆိပ်လုံခြုံရေးအရာရှိတွေက သူ့ကို တားဆီးခဲ့ပြီး အဝတ်အစား ပြန်ဝတ်ခိုင်းခဲ့ပါတယ်။ သူထရန်ငုယင်ဟာ အဲဒီနေ့က Cebu Pacific လေကြောင်းလိုင်းနဲ့ လိုက်ပါခွင့်မရခဲ့ဘဲ နောက်တစ်နေ့မှာ ကျန်းမာရေးစစ်ဆေးမှု လုပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ရက်လွန်ကြေး ပေးဆောင်ပြီးမှ ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာခွင့် ရခဲ့တာပါ။

Ref:Vietnamese woman strips at Philippine airport after being fined for overstaying

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top