စည်းကမ်းချက်အသေးစိတ် [Unicode]

၁။ ကမ်ပိန်းမှာ ပါဝင်မယ့်သူက “COVID-19 ကာလမှာ မိသားစုကို ပြောချင်တဲ့စကားတွေ”ကို ပို့စ်တစ်ခုအနေနဲ့ မိမိရဲ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ပေးရမည်။ အဲဒီပို့စ်မှာ #COVID_19 #YYL_Campaign ဆိုတဲ့ Hashtag များလည်း ထည့်ပေးရမည်။၂။ ပို့စ်တင်တဲ့အခါ ပါဝင်မယ့်သူဟာ မိမိဓာတ်ပုံ အစစ်အမှန်နဲ့ အကောင့်အစစ်ဖြစ်ရပါမည်။၃။ အကောင့်အစစ်နဲ့ တင်ထားတဲ့ ပို့စ်ကို Screenshot ရိုက်ပြီး ရိုးရာလေးကမ်ပိန်းပို့စ်မှာ Comment မန့်ပေးရပါမည်။၄။ နိုင်ငံရပ်ခြားက စာဖတ်ပရိသတ်တွေလည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ (အရွေးခံရမယ်ဆိုရင် ပါဝင်သူရဲ့ ပြည်တွင်းက မိတ်ဆွေသူငယ်ချင်း (သို့) မိသားစုရဲ့အကောင့်ထဲကို ဆုငွေထည့်ပေးသွားမှာပါ။)၅။ ဒီကမ်ပိန်းမှာ ပါဝင်တဲ့သူတွေထဲကမှ (၅) ဦးကို ရွေးချယ်ပြီး (၁) ဦးကို ငွေကျပ် (၂) သောင်းနှုန်း ချီးမြှင့်သွားပါမည်။၆။ ရွေးချယ်ခံရသူ (၅) ဦး ထွက်ပေါ်လာတဲ့အခါမှာလည်း Profile အစစ်မှန် ဟုတ် မဟုတ်ကို သက်သေခံကဒ်ပြားနဲ့ တိုက်စစ်သွားပါမည်။(သတ်မှတ်ထားတဲ့စည်းမျဉ်းနဲ့ ကိုက်ညီသူများအနက် (၅) ဦးကို ရိုးရာလေးအဖွဲ့မှ ရွေးချယ်သွားပါမယ်။)