လူတိုင်းကြိုက်တဲ့ ဘူးသီးကြော်

inle-myanmar-gourd-fritters-00.jpg

ဘူးသီးကြော်ဟာ မြန်မာ့ဓလေ့ အစားအစာများထဲမှာ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့

ဒေသတော်တော် များများမှာလည်း အလွယ်တကူ ဝယ်ယူစားသောက် နိုင်ပါတယ်။ သို့သော် ဒေသ တစ်ခုနဲ့ တစ်ခု ကြော်ပုံခြင်းတော့ မတူညီကြပါဘူး။ တချို့ဒေသတွေက ဘူးသီးကြော်ကို အချောင်းလိုက် ကလေးတွေ ကြော်စားကြပေမယ့် တချို့ဒေသကတော့ အဝိုင်းပုံ ဖြစ်အောင် ဖန်တီးပြီး ကြော်စားကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ကြော်ကြော် ဘူးသီးကြော်ရဲ့ အရသာကတော့ ပြောင်းသွားဖြင်း မရှိဘဲ တူညီနေပါတယ်။ အထူးသဖြင့် ဘူးသီးကြော်ကို သရေစာ အဖြစ်စားကြသလို တစ်ချို့ကလည်း ထမင်းနဲ့ တွဲဖက်ကာ စားကြပါတယ်။ တစ်ချို့ဒေသတွေမှာ မနက်စာအဖြစ် စားသောက်ကြတာလည်း ရှိပါတယ်။ ဘူးသီးကြော်ကို အရသာ ရှိအောင် ထပ်မံဖြည့်စွတ်လိုက်သည်ကတော့ အချဉ်ရည်နဲ့ ဆလက်ရွက် ဖြစ်ပါတယ်။ အချဉ်ရည်ဟာ ဘူးသီးကြော်ကို သာမန်ထက် ပိုမိုကောင်းမွန်အောင် ဖြည့်စွမ်းပေတဲ့ အရာတစ်ဆိုလည်း မှားမယ် မထင်ပါဘူး။

သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါမှာလည်း စားကြသလို မိသားစုတွေ အလုပ်ပိတ်ရက်မှာ အပြင်းပြေ ကြော်စားလေ့ ရှိပါတယ်။ ဒါ့အပြင် အပျော်အပါး ခရီးထွက်ရင်လည်း ကြော်ပြီး ယူသွားလို့ကောင်းတဲ့ အစားအစာ တစ်မျိုးပါ။ ဘယ်တော့ စားစား ဘယ်အချိန်စားစား ကြိုက်တဲ့သူတွေကတော့ ရိုးသွားတယ်ဆိုတာ မရှိတဲ့ ဘူးသီးကြော်ပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top