အမှတ်များပေမဲ့ အနိုင်ကျင့်မှုမှတ်တမ်းရှိတဲ့ ကျောင်းသား ၄၅ ယောက်ကို တောင်ကိုရီးယားထိပ်တန်းတက္ကသိုလ်တွေ ကျောင်းဝင်ခွင့် ပယ်ချ

korean.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေက အမှတ်ကောင်းတဲ့ ကျောင်းသား ၄၅ ယောက်ရဲ့ ကျောင်းဝင်ခွင့် လျှောက်ထားမှုတွေကို ပယ်ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကျောင်းသားတွေက ကျောင်းတွင်း အနိုင်ကျင့်မှု ကျူးလွန်ခဲ့ဖူးတဲ့ မှတ်တမ်း ရှိနေလို့ပါပဲ။

ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ အမူအကျင့်ထက် ရမှတ်ကိုပဲ ဦးစားပေးရာကနေ အခုလို မူဝါဒသစ် ပေါ်ပေါက်လာတာဟာ အနိုင်ကျင့်မှုလုပ်ရပ်တွေအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်လာကြောင်း ထင်ဟပ်နေတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေနဲ့ သူတို့ရဲ့မိဘတွေက စည်းကမ်းထိန်းသိမ်းရေး မှတ်တမ်းတွေကို လက်မခံဘဲ တရားရင်ဆိုင်ဖြေရှင်းကြမှာဖြစ်လို့ တရားရေးဆိုင်ရာ အမှုအခင်းတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Ref: 45 students rejected from top universities due to bullying records

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top