ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိလို့ လူသတ်မှုဖြစ်

11.10.23-yyl-15.jpg

ထိုင်ဝမ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိရာက အစပြုပြီး အခန်းဖော်ချင်း ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ယန်က KTV မှာ Waiter လုပ်ပါတယ်။ သူ့ရဲ့ အခန်းဖော်ကတော့ ဝမ်လို့ အမည်ရတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့ ည ၈ နာရီဝန်းကျင်မှာ ယန် အလုပ်သွားဖို့ အခန်းထဲက ထွက်တော့မယ့်အချိန် ဝမ်က အခန်းတံခါး ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယန်က ကျေးဇူးတင်စကားမဆိုဘဲ အခန်းထဲက ထွက်သွားလို့ ဝမ်က လှမ်းအော်ခဲ့ပါတယ်။ ” ငါက မင်းကို တံခါးဖွင့်ပေးတာတောင် ကျေးဇူးတင်ပါတယ် တစ်ခွန်းမပြောဘူးပေါ့” လို့ ဝမ်က အော်ဟစ်ခဲ့တာပါ။ အဲဒီနောက်မှာ ယန်က ” တောင်းပန်ပါတယ်။ ကျေးဇူးပါ”လို့ ပြောပြီး သူ့ရဲ့စကူတာကို တွန်းထွက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ယန်ရဲ့ တုံ့ပြန်ပုံကို မကျေနပ်တဲ့ ဝမ်က နောက်က ပြေးလိုက်ပြီး လက်သီးနဲ့ထိုးခဲ့ပါတယ်။ လက်သီးချက်ကြောင့် ယန်ရဲ့ ဘယ်ဘက်ပါး ဒဏ်ရာရခဲ့ပြီး သူ့အိတ်ထဲမှာ အသင့်ဆောင်ထားလေ့ရှိတဲ့ ဓားနဲ့ ထိုးခဲ့တာပါ။ ရင်ဘတ်ကို သုံးချက်၊ ဗိုက်ကို တစ်ချက် ထိုးခံရတဲ့ ဝမ်ဟာ လှေကားရင်းက သွေးအိုင်ထဲ လဲကျသွားခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ဝမ်ကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံရောက်ပြီးနောက် ကွယ်လွန်သွားခဲ့တာပါ။

ယန်ကလည်း ရဲစခန်းမှာ အဖမ်းခံခဲ့ပြီး သူ့လုပ်ရပ်အတွက် နောင်တရမိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

Ref: Man in Taiwan allegedly stabs roommate to death after being confronted for not saying ‘thank you’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top