အသက် ၉ နှစ်အရွယ်သမီးလေးဟာ သူ့ကိုယ်အလေးချိန်ထက် ၃ ဆရှိတဲ့ ပေါင် ၁၈၀ အလေးချိန်အလေးကို မပြခဲ့ပြီးနောက် လူသိများလာခဲ့ပါတယ်။ သူကတော့ နယူးယောက်မြို့က ကိုယ်အလေးချိန် ၆၀ ရှိတဲ့ လူစီ မီလ်ဂရင်းဆိုတဲ့ ကလေးမလေးပါ။
လူစီက သူ့ရဲ့အလေးမနေတဲ့ ဗီဒီယိုကို အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ အဲ့ဒီဗီဒီယိုက ကြည့်ရှုသူ သန်း ၆၀ ရှိခဲ့ပါတယ်။ မူလတန်းကျောင်းသူလေးဖြစ်တဲ့ လူစီဟာ မတ်လ ၇ ရက်နေ့က the Arnold Sports Festival ကို တက်ရောက်ရင်း ပေါင် ၁၈၀ အလေးမပြခဲ့တာပါ။
ပေါင် ၁၈၀ အလေးချိန်ရှိတဲ့ အလေးပြားနဲ့ ဘားတန်ကို မြှောက်ပြတဲ့အချိန် လူအုပ်ကြီးက သူ့ရဲ့နာမည်ကို အော်ပြီး အားပေးခဲ့ကြပါတယ်။ သူ အလေးမတဲ့အချိန် အကြိုက်ဆုံးကတော့ အရမ်းများတဲ့အလေးချိန်ကို မြှောက်ပြနိုင်တဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
လူစီက ပေါင် ၁၅၀ squat လုပ်နိုင်ပြီး အလေးချိန် ၈၅ ပေါင် အိပ်လျက်တွန်းလည်းလုပ်နိုင်ပါတယ်။ သူက USA Powerlifting organization ကတဆင့် အမေရိကန်စံချိန် ၃ ခုတင်ထားပါတယ်။ သူ့ကို သူ့အဖေက လေ့ကျင့်သင်ကြားပေးပြီး တစ်ပတ်ကို ၄ -၅ ကြိမ်လောက် လေ့ကျင့်ရေးဆင်းရပြီး တစ်ပတ်ကို ၁ ကြိမ်လောက်တော့ မိသားစုရဲ့ Gym မှာလည်း လေ့ကျင့်ရပါတယ်။ သူ့အဖေက လေ့ကျင့်ပေးတဲ့အပြင် အိုလံပစ်ဆုရှင် Vougar Oroudjov ကလည်း လေ့ကျင့်ပေးပါတယ်။
လူစီက Gym မှာ သူ့အဖေနဲ့ အမေ Work out လုပ်တာကို မြင်ပြီး သူ့လည်း လုပ်ကြည့်ချင်ခဲ့တာပါ။ သူ့အဖေက နပန်းနည်းပြဖြစ်ပြီး နပန်းလေ့ကျင့်ရေးဆီ သူ့အစ်ကိုနဲ့ သူ့ကို ခေါ်သွားလေ့ရှိတာကြောင့် နပန်းကို စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။
Ref: 9-Year-Old Powerlifter Shocks the Internet by Deadlifting 180 Lbs.
WL (ရိုးရာလေး)

