မဂ္ဂဇင်းမျက်နှာဖုံးနဲ့ အိုင်ဒီ (ID) ကတ်လုပ်ပြီး လေဆိပ်လုံခြုံရေးကိုဖြတ်ခဲ့တဲ့ အမေရိကန်ရက်ပ်အဆိုတော် ဂျီ – အီဇီ (G – Eazy)

gg.jpg

လေယာဉ်စီးဖို့အတွက် အိုင်ဒီ (ID) ကတ်  မေ့ကျန်ခဲ့တယ်ဆိုတာဟာ အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ သို့ပေမယ့်လည်း သင်က အောင်မြင်တဲ့ အမေရိကန် ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ လေဆိပ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေအွတွက် မဂ္ဂဇင်းစာအုပ်တစ်အုပ်ပြလိုက်ရုံနဲ့ လုံခြုံရေးကိစ္စရပ်တွေအားလုံးကို ပြီးမြောက်သွားစေနိုင်ပါတယ်။

အမေရိကန်အဆိုတော်မလေး ဟဲလ်ဆေး (Halsey) ရဲ့ပြောပြချက်အရ သူမချစ်သူ ရက်ပ်အဆိုတော် ဂျီ – အီဇီ (G – Eazy) ဟာ မကြာသေးခင်က လေဆိပ်မှာ အိုင်ဒီ (ID) ကတ်ပြား မပါရှိခဲ့တဲ့အတွက် အနီးအနားက ၎င်းမျက်နှာပုံပါရှိတဲ့ မဂ္ဂဇင်းမျက်နှာဖုံးကို သက်သေခံကတ်ပြားအဖြစ် အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အမေရိကန်ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ခုကို စီစဉ်ပြီးသွားကာမှ ဂျီ – အီဇီ (G – Eazy) မှာ  အိုင်ဒီ (ID) ကတ်ပြား မပါရှိလာမှန်း သိလိုက်ရတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိပြီးဖြစ်တဲ့ ဟဲလ်ဆေး (Halsey) ကတော့ အချိန်နဲ့တပြေးညီ မစီစဉ်နိုင်တဲ့ သူ့ချစ်သူရဲ့အရည်အချင်းကို သဘောမတွေ့ခဲ့ပါဘူး။

သို့သော်လည်း ဂျီ – အီဇီ (G – Eazy) ကတော့ မဂ္ဂဇင်းကာဗာ အသုံးပြုပြီး လေယာဉ်စီးခွင့်ရအောင် ကြိုးပမ်းခဲ့တာ အောင်မြင်သွားတဲ့အတွက် အမေရိကအရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေကို သူတို့ချစ်သူနှစ်ဦး ခရီးဆက်နေပြီဖြစ်ကြောင်း တွစ်တာစာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ပါတယ်။

ဂျီ – အီဇီ (G – Eazy) ရဲ့အမည်ရင်းကတော့ ဂါရယ်လ် အားလ် ဂျီလမ် (Gerald Earl Gillum) ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့အပတ်ကထွက်ရှိထားတဲ့ နွေဦးမဂ္ဂဇင်းစာစောင်တစ်ခုရဲ့ အရှေ့မျက်နှာဖုံးဟာ ဂျီ – အီဇီ (G – Eazy) ရဲ့ဓာတ်ပုံဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် လိုနေတဲ့ သက်သေခံကတ်ပြားနဲ့ ကွတ်တိဖြစ်သွားတာလည်း ဖြစ်ပါတယ်။

ဂျီ – အီဇီ (G – Eazy) ဟာ မိုင်ယာမီမြို့ (Miami) ရဲ့ Ultra Music Festival မှာပါဝင်ဖျော်ဖြေခဲ့ပြီး လော့စ်အိန်ဂျယ်လ် (Los Angeles) မပြန်မီ ဟဲလ်ဆေး (Halsey) နဲ့အတူ ဖလော်ရီဒါ (Florida) မှာ ရက်အနည်းငယ်ကြာရှိနေတာလည်းဖြစ်ပါတယ်။

TSA (Transprt Security Administration) ရဲ့ပြောပြချက်အရ US ခရီးသည်တွေဟာ လေကြောင်းနဲ့ လိုက်ပါနိုင်ဖို့အတွက် ခိုင်လုံတဲ့ (သို့) သက်တမ်းမကုန်ဆုံသေးတဲ့ သက်သေခံကတ်ပြားတွေ လိုအပ်ပါတယ်။ ဒီအရာဟာ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမြဲတမ်းနေထိုင်ခွင့်ကတ် တို့အပြင် အခြားသောအိုင်ဒီ (ID) ကတ်တွေနဲ့လည်း အလားသဏ္ဍာန်တူပါတယ်။

TSA (Transprt Security Administration) မှတာဝန်ရှိသူတစ်ဦးကတော့ “TSA (Transprt Security Administration) ကတော့ “မင်းကို အမည်၊ လက်ရှိနေထိုင်ရာလိပ်စာနဲ့ တခြားပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေမေးမြန်းပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပါလိမ့်မယ်။ မင်းရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အတည်ပြုပြီးပြီဆိုရင်တော့ အခြားသောစစ်ဆေးချက်တွေပြုလုပ်ဖို့ လုံခြုံရေးဂိတ်ကိုဖြတ်လို့ရပါပြီ။ စခရင် (screen) စစ်ဆေးမှုပြုလုပ်တဲ့နေရာမှာတော့ ကိုယ်ပေါ်က အဝတ်အစားတွေကို စစ်ဆေးခြင်းနှင့် အခြား စခရင် (screen) စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားတာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အကယ်၍ သက်သေခံအထောက်အထား မခိုင်လုံဘူးဆိုရင်တော့ လုံခြုံရေးဂိတ်ကို ဖြတ်သန်းခွင့်မရှိပါဘူး။ UK မှာ ခရီးသည်တွေဟာ ပြည်ပခရီးစဉ်နဲ့ ဘယ်လိုပြည်တွင်းလေကြောင်းလိုင်းအတွက်မဆို နိုင်ငံကူးလက်မှတ်ပြဖို့လိုအပ်ပါတယ်။ တစ်ချို့နိုင်ငံတွေကတော့ (ဥပမာ – အီဂျစ်) အင်္ဂလန်နိုင်ငံကူးလက်မှတ်ကိုအသုံးပြုပြီး ခြောက်လအထိ တရားဝင်သွားလာနေထိုင်ခွင့် ပေးထားပါတယ်။

CAA ရဲ့ပြောကြားချက်အရ တချို့နိုင်ငံတွေရဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ယာဉ်မောင်းလိုင်စင် (သို့) အခြားသော သက်သေခံကတ်ပြားတွေကိုအသုံးပြုပြီး တရားဝင်ခရီးသွားလာခွင့်ရှိပါတယ်။ သို့ပေမယ့် မသွားခင်တော့ မိမိစီးမယ့် လေကြောင်းလိုင်းရဲ့ ဝက်ဘ်ဆိုက်တွေကို ကြိုတင် လေ့လာကြည့်စေချင်ပါတယ်။

ဒါကြောင့်မို့လို့ မဂ္ဂဇင်းမျက်နှာဖုံးမှာ သင့်ရဲ့ဓာတ်ပုံပါနေခြင်းကလည်း နိုင်ငံကူးလက်မှတ်မေ့ကျန်ခဲ့တဲ့အခါ အချို့ပြည်နယ်တွေမှာဆိုရင်တော့ အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ၊ (England) လန်ဒန်မြို့ (London) ရဲ့ ဟိသ်ရိုး (Heathrow) လိုလေဆိပ်မျိုးမှာတော့ မလုပ်မိပါစေနဲ့နော်။>

Po Mo Htoo Aung (ရိုးရာလေး)
Ref : Independent.uk

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top