YouTube ချန်နယ် ဖွင့်ပြီး တစ်ရက်အတွင်း subscriber ၁၅ သန်းကျော် ရခဲ့တဲ့ ရော်နယ်ဒို

22.8.2024-yyl-3.png

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ YouTube ချန်နယ်(UR · Cristiano) ဖွင့်လှစ်တဲ့ တစ်ရက်အတွင်းမှာပဲ subscriber ၁၅ သန်းကျော် ရရှိခဲ့ပြီး အအောင်မြင်ဆုံး YouTube ချန်နယ် တည်ထောင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ Ballon D’Or ဆု (၅)ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ YouTube ချန်နယ် ဖွင့်လှစ်ကြောင်း သူ့ရဲ့ အခြားလူမှုကွန်ရက်တွေမှာ ပို့စ်တင်ခဲ့ပြီး တစ်နာရီအတွင်းမှာပဲ subscriber ၁ သန်း ရရှိခဲ့တာပါ။

ပထမဆုံး ဗီဒီယိုတင်ပြီး နာရီပိုင်းအကြာမှာ နောက်ထပ် ၁.၇ သန်းနီးပါး ထပ်တိုးလာခဲ့ပြီး ၂၄ နာရီအတွင်းမှာပဲ subscriber ၁၅ သန်းကျော် သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဖေ့ဘွတ်ခ်မှာ အားပေးသူ သန်း ၁၇၀၊ အင်စတာဂရမ်မှာ အားပေးသူ ၆၃၆ သန်းနဲ့ တွစ်တာ(X)မှာ အားပေးသူ ၁၁၂.၅ သန်း ရရှိထားသူပါ။

Ref: UR · Cristiano

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top