၂၇ နှစ်တိုင်တိုင် အလုပ်တစ်ရက်မပျက်ခဲ့တဲ့ Burger King ဆိုင်ဝန်ထမ်းဟောင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ပြီ

2.9.2024-yyl-6-1.jpg

၂၇ နှစ်လုံးလုံး တစ်ရက်မှ အလုပ်မပျက်ခဲ့လို့ နာမည်ကျော်ကြားခဲ့တဲ့ Burger King ဆိုင်ဝန်ထမ်း ကီဗင်ဖို့ဒ်ဟာ သူ ရရှိခဲ့တဲ့ အလှူငွေတွေကြောင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကီဗင်ဖို့ဒ်ဟာ ၂၇ နှစ်လုံးလုံး တစ်ရက်မှ အလုပ်မပျက်ခဲ့ပေမဲ့ Burger King ဆိုင် တာဝန်ရှိသူတွေက သူ့ရဲ့အားထုတ်မှုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ခြင်းမရှိဘဲ ရုပ်ရှင်လက်မှတ်၊ သကြားလုံးတချို့နဲ့ Starbucks တံဆိပ်ပါ ခွက်တစ်လုံးသာ လက်ဆောင်ပေးခဲ့ပြီးနောက် ဒီသတင်းက ပျံ့နှံ့သွားခဲ့တာပါ။

ကီဗင်ဖို့ဒ်ကတော့ သူ ရခဲ့တဲ့ လက်ဆောင်အပေါ် ငြိုငြင်တာမျိုးမရှိခဲ့ဘဲ လက်ဆောင်အချို့ကိုတောင် သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ခွဲပေးခဲ့ပါတယ်။ ဒါပေမဲ့ ကီဗင်ဖို့ဒ်ကို သနားကြင်နာသူတွေက (သူ့သမီးတွေ ဖွင့်လှစ်ထားတဲ့ GoFundMe အကောင့်ကတစ်ဆင့်) အလှူငွေတွေ ပေးအပ်ခဲ့ကြရာမှာ အလှူငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိခဲ့တာပါ။

အဲဒီနောက်မှာတော့ ကီဗင်ဖို့ဒ်က သူ့ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစားအစာကို ကားနဲ့ရောင်းချတဲ့လုပ်ငန်းတစ်ခု ထူထောင်ခဲ့တာပါ။ Burger King ဆိုင်မှာ ၂၇ နှစ်ကြာ လုပ်ကိုင်လာတဲ့ အမှတ်တရအဖြစ် ၂၇ ဂဏန်းကို ယူပြီး သူ့ရဲ့အစားအစာရောင်းချတဲ့လုပ်ငန်းကို K27Y လို့ အမည်ပေးထားပါတယ်။ ကီဗင်ဖို့ဒ်နဲ့ သမီးဖြစ်သူတို့ဟာ အစားအစာရောင်းရာမှာ အသုံးပြုမယ့်ကားကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဟမ်ဘာဂါ၊ ဟော့ဒေါ့တွေ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Ref: Viral Burger King worker who never missed a day in 27 years launches his own food truck
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top