မုန်တိုင်းတိုက်နေတုန်း ပျောက်ဆုံးသွားတဲ့ သင်္ဘောပေါ်က သင်္ဘောသားတစ်ဦးကို ကယ်တင်နိုင်ခဲ့

two.jpg

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေချိန်မှာ ပျောက်ဆုံးသွားတဲ့ ကုန်တင်သင်္ဘောကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေနေပါတယ်။ Gulf Livestock 1 သင်္ဘောပေါ်မှာ သင်္ဘောသား ၄၃ ယောက်နဲ့ ကျွဲနွားအကောင်ရေ ၆၀၀၀ တင်ဆောင်လာတာပါ။ တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) တိုက်ခတ်မှုဒဏ် ခံစားခဲ့ရတဲ့Gulf Livestock 1 သင်္ဘောဟာ အရှေ့တရုတ်ပင်လယ်ကနေ အန္တရာယ်ကြုံနေရပြီလို့ အချက်ပြခဲ့ပါတယ်။

အဲဒီကုန်တင်သင်္ဘောပေါ်က အသက်ကယ်အင်္ကျီ ဝတ်ထားတဲ့ သင်္ဘောသားတစ်ယောက်ကတော့ လှိုင်းလုံးကြီးနဲ့ မျောပါလာခဲ့ပြီး သူ့ကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လှိုင်းကြီးလေထန်နေပေမဲ့ လေယာဉ်တွေ၊ ကင်းလှည့်သင်္ဘောတွေ စေလွှတ်ပြီး ကုန်တင်သင်္ဘောနဲ့ ကျန်ရှိနေတဲ့ သင်္ဘောသားတွေကို ရှာဖွေလျက်ရှိပါတယ်။ ကုန်တင်သင်္ဘောပေါ်မှာ ဖိလစ်ပိုင်သင်္ဘောသား ၃၉ ယောက်၊ နယူးဇီလန်နိုင်ငံသား ၂ ယောက်၊ သြစတြေးလျနိုင်ငံသား ၂ ယောက် လိုက်ပါခဲ့တာပါ။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ခဲ့တဲ့ သင်္ဘောသားကတော့ ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်လို့ သြစတြေးလျအစိုးရက ထုတ်ပြန်ထားပါတယ်။

Gulf Livestock 1 သင်္ဘောဟာ သြဂုတ်လ ၁၄ ရက်မှာ နယူးဇီလန်နိုင်ငံကနေ စတင်ထွက်ခွာပြီး ၁၇ ရက်ကြာမြင့်ဖွယ်ရှိတဲ့ တရုတ်နိုင်ငံခရီးကို ဦးတည်ခဲ့တာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညမှာတော့ Gulf Livestock 1 သင်္ဘောက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အမာမီအိုရှီမာကျွန်းအနောက်ဘက် ရေပြင်ကနေ အန္တရာယ်ကြုံနေရပြီလို့ အချက်ပြခဲ့တာပါ။ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Gulf Livestock 1 သင်္ဘောဟာ အလျား ပေ ၄၅၀ ရှည်လျားပြီး ပနားမားအလံ တပ်ဆင်ထားတဲ့ ကုန်တင်သင်္ဘော ဖြစ်ပါတယ်။

Ref: BBC ” Cargo ship with crew and thousands of cattle missing in typhoon off Japan”


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top