ဆိုင်ဝန်ထမ်းနဲ့ အချင်းများပြီး မကျေနပ်တဲ့ အမျိုးသားတစ်ဦးက မီးရှို့ခဲ့လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ ကော်ဖီဆိုင် မီးလောင်ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ သံသယရှိသူဟာ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး ၃ ထပ်ကော်ဖီဆိုင်ရဲ့ မြေညီထပ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာလို့ ဖြောင့်ချက်ပေးထားပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်က မီးလောင်ခဲ့တာဖြစ်ပြီး ည ၁၁ နာရီအချိန်မှာ အကြောင်းကြားမှု စတင်ရရှိခဲ့တာလို့ ဗီယက်နမ်မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ မီးလောင်နေတဲ့ ကော်ဖီဆိုင်ထဲကနေ လူ ၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သူတို့ထဲမှာ နှစ်ဦးကိုတော့ ဆေးရုံ တင်ထားရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: Hanoi cafe fire kills 11; police arrest suspect
NZ ( ရိုးရာလေး)