မြန်မာငွေ ၁၁ သိန်းကျော်နဲ့ လေလံအောင်ခဲ့တဲ့ ကြက်ဥ

20.12.2024-yyl-10.jpg

ထူးထူးခြားခြား လုံးဝိုင်းတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် ကြက်ဥတစ်လုံးကို လေလံတင်ရောင်းချရာမှာ မြန်မာငွေ ၁၁ သိန်းကျော် (အမေရိကန်ဒေါ်လာ ၂၅၀) နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ စကော့တလန်နိုင်ငံ၊ အဲလ်မြို့ ကုန်ခြောက်ဆိုင်တစ်ဆိုင်ကနေ ကြက်ဥတစ်ဒါဇင် ဝယ်ယူရာမှာ စက်လုံးတစ်လုံးလို လုံးဝိုင်းတဲ့ ကြက်ဥ ပါလာခဲ့တာပါ။ Thomson Roddick Callan လေလံကုမ္ပဏီက ဒီကြက်ဥကို လေလံတင်ရာမှာ အက်ဒ်ပါဝဲလ်ဆိုတဲ့ အမျိုးသားတစ်ဦးက ၁၈၇ ဒေါ်လာနဲ့ လေလံဆွဲခဲ့ပြီး ( အောက်ဖို့ဒ်ရှိုင်းယားစီရင်စုမှ လူငယ်တွေကို ထောက်ပံ့ကူညီပေးနေတဲ့) Iuventas Foundation ထံ ပြန်လည်လှူဒါန်းခဲ့တာပါ။

Iuventas Foundation က ရန်ပုံငွေရှာဖွေဖို့အတွက် လေလံပွဲကျင်းပခဲ့ရာမှာ အဲဒီကြက်ဥက အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ လေလံအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ လေလံပွဲမှာ ပစ္စည်းပေါင်းများစွာ ရောင်းချခဲ့ရပြီး ရန်ပုံငွေ ဒေါ်လာ ၆၂၅၀ ရရှိခဲ့ကြောင်း Iuventas Foundation ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရော့ဇ်ရက်ပ်က ဆိုပါတယ်။

Ref: ‘Almost perfectly spherical’ egg auctioned for $250
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top