အိန္ဒိယနိုင်ငံမှ အထက်တန်းကျောင်းသား ၃ ယောက်ဟာ လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ်ကို တီထွင်ဖန်တီးခဲ့ကြပြီး ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပါတယ်။
အင်ဒိုရီပြည်နယ်မှာ နေထိုင်တဲ့ ချောင်ဒါရီ၊ လာဒါနီယာ၊ ဂျိန်းတို့ ၃ ယောက်ရဲ့ မိဘတွေက ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်ကြသူတွေပါ။ လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးလက်ဒေသတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ပို့ဆောင်ရာမှာ အခက်အခဲတွေ ကြုံရတယ်ဆိုတာ သိရှိပြီးနောက် သူတို့က လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ် ဖန်တီးဖို့ အကြံရခဲ့တာပါ။
ဆားဓာတ်စွမ်းအင် အသုံးပြု ဖန်တီးထားတဲ့ ရေခဲသေတ္တာငယ်ဟာ ionocaloric cooling နည်းစနစ်( ဆားဓာတ်အသုံးပြုပြီး အသွင်ပြောင်း အပူစုပ်စနစ်) အသုံးပြုထားတာဖြစ်ပြီး Thermavault လို့ အမည်ပေးထားပါတယ်။ ဆားကို ရေထဲ ပျော်ဝင်စေပြီး အပူတွေကို စုပ်ယူလိုက်တဲ့ ပုံစံဖြစ်ပါတယ်။
အထက်တန်းကျောင်းသား ၃ ဦးဟာ သူတို့ရဲ့ ဖန်တီးမှုကြောင့် ၂၀၂၅ ခုနှစ် ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀ ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ဆုကြေးငွေတွေ အသုံးပြုပြီး ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် ၂၀၀ ထုတ်လုပ်ကာ ဆေးရုံပေါင်း ၁၂၀ မှာ စမ်းသပ်အသုံးပြုဖို့ စီစဉ်နေပါတယ်။
Ref: Three High School Students Create Refrigerator That Requires No Electricity – Win Global Sustainability Prize
NZ ( ရိုးရာလေး)

