လင်းနို့ချေးကောက်နေတုန်း ဂူထဲမှာ ၄ ရက်ပိတ်မိခဲ့သူကို ကယ်တင်

bat_cave.jpg

လင်းနို့ချေးကောက်နေတုန်း ဂူထဲမှာ ၄ ရက်ပိတ်မိခဲ့သူကို ကယ်တင်

လင်းနို့ချေးကောက်နေတုန်း ဂူထဲမှာ ၄ ရက်ကြာ ပိတ်မိခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံသားကို ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ ဆမ်ဘိုရာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဂူထဲမှာ လင်းနို့ချေး ဝင်ကောက်နေတုန်း မီးတုတ်လွတ်ကျသွားခဲ့ပါတယ်။ သူက မီးတုတ်ကို ကောက်ဖို့ ကြိုးစားနေတုန်း ကျောက်တုံး ၂ တုံးကြား ပြုတ်ကျခဲ့တာပါ။

ဆမ်ဘိုရာဟာ အစာမစား၊ ရေမသောက်ရဘဲ ၄ ရက်ကြာ ပိတ်မိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ဆမ်ဘိုရာက သူ့မိသားစုက လိုက်ရှာခဲ့ပေမဲ့ မတွေ့ပါဘူး။ ဒါပေမဲ့ သူနဲ့အတူ လင်းနို့ချေးကောက်နေကျ အဖော်က သူ့ကို တွေ့ခဲ့တာပါ။ ဆမ်ဘိုရာကို ပြန်တွေ့ချိန်မှာ အဖွဲ့ဝင် ၂၀၀ ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့က သူ့ကို ကယ်ထုတ်ဖို့ ၁၀ နာရီလောက် ကြိုးစားခဲ့ရပါတယ်။

”အသက်ရှင်ဖို့ မျှော်လင့်ချက် စွန့်လွှတ်လိုက်ပါပြီ။ ကျွန်တော့်မှာသာ ဓားပါရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှာပါ”လို့ဆမ်ဘိုရာက ပြောပါတယ်။

ဂွာနိုလို့ခေါ်တဲ့ လင်းနို့ချေးကို ဓာတ်မြေဩဇာအဖြစ် အသုံးပြုလေ့ရှိပါတယ်။ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာတော့ လင်းနို့ချေးကောက်တဲ့အလုပ်က စားဝတ်နေရေး ပြေလည်စေတဲ့ အလုပ်တစ်ခုလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top