မကြာခင် ချစ်သူကောင်လေးတွေနဲ့ ရွှေလက်တွဲမှာကို ပရိသတ်တွေမြင်တွေ့ရတော့မယ့် ထိုင်းထိပ်တန်းမင်းသမီး ၂ ဦး

thai.png

မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ထိုင်းထိပ်တန်းမင်းသမီးချောလေး ၂ ဦးကတော့ နှစ်ရှည်ကြာတွဲခဲ့ကြတဲ့ သူတို့ရဲ့ချစ်သူကောင်လေးတွေနဲ့ မကြာခင်လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ သူတို့ လက်ထပ်မှာကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေရဲ့ဆန္ဒ ပြည့်မြောက်တော့မှာပါ။ 


ပထမဆုံးတစ်ယောက်ကတော့ Yaya Urassaya ပါ။ သူ့ချစ်သူ ထိုင်းထိပ်တန်းမင်းသားချော Nadech Kugimiya ဟာ သူ့ကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က အီတလီမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ မကြာသေးခင်ကမှ သူတို့စုံတွဲက အီတလီကို ခရီးအတူတူထွက်ထားပါတယ်။ ဂရိမှာ Pre Wedding ဓာတ်ပုံတွေရိုက်ခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ သူတို့စုံတွဲ အတူတူရှိခဲ့ကြတာ ဆယ်စုနှစ် ၁ စုကျော်နေပါပြီ။ လက်ထပ်ပွဲကို နော်ဝေ၊ Khon Kaen မြို့၊ ဘန်ကောက်တွေမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ လက်ထပ်ပွဲကျင်းပမယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ 


နောက်တစ်ယောက်ကတော့ မကြာသေးခင်ကမှ ချစ်သူကောင်လေးထိုင်းမင်းသား Ter Chantavit ဆီက လက်ထပ်ခွင့်တောင်းခံရပြီး စေ့စပ်လိုက်တဲ့ Mai Davika ပါပဲ။ ဇွန်လ ၁၁ ရက်နေ့က စေ့စပ်လိုက်တာဖြစ်ပြီးအင်စတာဂရမ်မှာ “ကျွန်မတို့ စေ့စပ်လိုက်ပါပြီ” ဆိုတဲ့စာသားနဲ့အတူ ပုံတွေတင်လာခဲ့တာပါ။ သူတို့စုံတွဲ စေ့စပ်လိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာတော့ သူတို့ရဲ့မင်္ဂလာပွဲကို မြင်တွေ့ရတော့မှာပါ။ ဘယ်တော့မင်္ဂလာပွဲကျင်းပမယ်ဆိုတာကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ သူတို့ဟာ၂၀၁၇ ခုနှစ်ရဲ့ Chai Mai Jing Ying Tae ဇာတ်လမ်းတွဲရိုက်ကွင်းမှာ ပထမဆုံးဆုံတွေ့ခဲ့ကြပြီး အတူရှိခဲ့ကြတာ ၇ နှစ်ရှိပါပြီ။ 

Ref:2 Top Actresses Will Get Married to Their Boyfriends Soon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top