၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံရဲ့ အမှတ် ၁၁၀ အဝေးပြေးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ မျက်မှောက်ခေတ်သမိုင်းမှာ အချိန်အကြာဆုံး ယာဉ်ကြောပိတ်ဆို့မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကားအစီးရေ သိန်းချီ ပိတ်မိနေခဲ့တဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ ၁၂ ရက်အထိ ကြာမြင့်ခဲ့ပြီး ယာဉ်မောင်းတွေရဲ့ စားရေး၊ သောက်ရေးအတွက် အဲဒီနေရာမှာ ဈေးတန်းတစ်ခုတောင် ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ပုံမှန်အားဖြင့် ရေသန့်တစ်ဘူးကို ၁ ယွမ်ပေးရပေမဲ့ ယာဉ်ကြောပိတ်ဆို့နေတဲ့ နေရာမှာတော့ ရေသန့်တစ်ဘူး ၁၅ ယွမ်အထိ ပေးခဲ့ရပါတယ်။

အဲဒီလို သမိုင်းဝင်ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ခင် ရှေ့ပိုင်းနှစ်တွေကတည်းက တရုတ်နိုင်ငံရဲ့ အမှတ် ၁၁၀ အဝေးပြေးလမ်းမကြီးပေါ်မှာ သွားလာတဲ့ ကားအရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း ၄၀ ရာခိုင်နှုန်း ပိုများနေခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ သတ်မှတ်ပမာဏထက် ၆၀ ရာခိုင်နှုန်းအထိ ပိုများခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကားအစီးရေ အများဆုံးပါဝင်တဲ့ ယာဉ်ကြောပိတ်ဆို့မှုဟာ ၁၉၉၀ ပြည့်နှစ်က အရှေ့ဂျာမနီ – အနောက်ဂျာမနီနယ်စပ်မှာ ဖြစ်ပွားခဲ့ပြီး ကားအစီးရေ ၁၈ သန်းအထိ ပိတ်ဆို့နေခဲ့တာလို့ ဂင်းနက်စ်မှတ်တမ်းမှာ ဖော်ပြထားပြီး အကွာအဝေးအရှည်လျားဆုံး ယာဉ်ကြောပိတ်ဆို့မှုကတော့ အိန္ဒိယနိုင်ငံ မဟာပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကီလိုမီတာ ၃၀၀ ကျော် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပါတယ်။
ဒါပေမဲ့ အချိန်အကြာဆုံး ယာဉ်ကြောပိတ်ဆို့မှုကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး ၁၂ ရက်ကြာမြင့်ခဲ့တာပါ။
Ref: The World’s Longest Traffic Jam Lasted 12 Days, Stretched for 100 Km
NZ ( ရိုးရာလေး)

