အမြင့်ပေ ၃၅၀၀၀ မှာ အဘွားအိုရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးခဲ့သူ

flying.png

သင့်ရဲ့ လူသားဆန်မှုတစ်ခုက လူတစ်ယောက်ရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်လိုက်တာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်ကနေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ပျံသန်းမယ့် Virgin Atlantic လေကြောင်းလိုင်းရဲ့ ခရီးစဉ်မထွက်ခွာမီ အသက် ၈၈ နှစ်အရွယ် အဘွားအို ဗွိုင်အိုလတ်နဲ့ ၂၉ နှစ်အရွယ် အမျိုးသား ဂျက်တို့ လေဆိပ်မှာ အမှတ်မထင် တွေ့ဆုံပြီး စကားပြောဖြစ်ခဲ့ကြတယ်။

သူ မသေခင်တော့ လေယာဉ်ကို ပထမတန်းကနေ စီးခွင့်ရချင်သေးတယ်ဆိုတဲ့ အဘွားအို ဗွိုင်အိုလတ်ရဲ့ စကားဟာ ဂျက်ရဲ့ရင်ကို ထိခိုက်သွားစေခဲ့တယ်။ ဂျက်က ဒီခရီးစဉ်မှာ ပထမတန်းလက်မှတ် ဖြတ်ထားတာလေ။ လေယာဉ်ပေါ် မတက်ခင် ဂျက်က အဘွားအို ဗွိုင်အိုလတ်နဲ့ သူ့ကို ထိုင်ခုံချင်း လဲပေးလို့ရမလားလို့ လေယာဉ်မယ်ကို သွားမေးခဲ့တယ်။ အဘွားအိုရဲ့ဆန္ဒကို သူ ဖြည့်ဆည်းပေးချင်တဲ့အကြောင်း ဂျက်က ပြောပြခဲ့ပြီး လေယာဉ်မယ်ကလည်း သဘောတူခဲ့တယ်။

ပထမတန်းကနေ စီးနင်းလိုက်ပါခွင့် ရမယ်ဆိုတာ သိလိုက်ရတော့ အဘွားအို ဗွိုင်အိုလတ် အရမ်းပျော်သွားခဲ့တယ်။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ဂျက်နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တယ်။ သူတို့ကို ကြည့်ပြီး အပျော်တွေ ကူးစက်သွားတဲ့ လေယာဉ်မယ် လီယာအေမီက ဒီအကြောင်း ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့တာပါ။

Ref: She dreamed of flying first class. He gave her his seat.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top